BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂရိတ်ဝေါလ်ဟိုတယ်မှာ မူးယစ်ဆေးဝါးတွေ...
သတင်းအတု

ဂရိတ်ဝေါလ်ဟိုတယ်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဂရိတ်ဝေါလ်ဟိုတယ်ရဲ့ အောက်ဆုံးထပ်မှာ မူးယစ်ဆေးဝါး ဘီလီယံနဲ့ချီပြီး တွေ့ရှိတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 April 2025 6:11 PM IST
  • ဂရိတ်ဝေါလ်ဟိုတယ်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Tun Tun ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိပါတယ်။

    ဖြန့်ဝေရာမှာ 'ဂရိတ်ဝေါဟိုတယ်ရဲ့အောက်ဆုံးအထပ်မှာ မူးယစ်ဆေးဝါး အမျိုးအမည်ပေါင်းစုံ ဘီလီယံနဲ့ချီပြီးသိုလှောင်ထားသည်' လို့ ရေးသားထားတာပါ။

    အချို့ဖြန့်ဝေမှုတွေမှာတော့ 'ဂရိတ်ဝေါဟိုတယ်ရဲ့ အောက်ဆုံးအထပ်မှာ မူးယစ်ဆေးဝါးအမျိုးအမည်ပေါင်းစုံ ဘီလီယံနဲ့ချီပြီး တွေ့ရှိရတယ်လို့ ကယ်ဆယ်ရေး အလုပ်သမားတွေကနေတစ်ဆင့် သတင်း သိရှိခဲ့ရပါတယ်။ ပိုင်ရှင်ကအဲ့တာကြောင့် ကယ်ဆယ်ရေးမဝင်ခိုင်းတာ။ ခုတော့ အသက်ပေါင်းများစွာ ဆုံးရှုံးသွားရပြီ' လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်ဆန်းစစ်ချက်

    ဂရိတ်ဝေါလ်ဟိုတယ်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က ဂရိတ်ဝေါလ်ဟိုတယ်မှာ မိသားစုဝင် ၄ ယောက် အထိ ပိတ်မိနေသူရဲ့ခံစားချက် ဆိုတဲ့ အင်တာဗျူးတစ်ပုဒ်ကိုတောင် DVB သတင်းဌာနက ဧပြီလ ၈ ရက်နေ့မှာ ဖော်ပြထားပါသေးတယ်။


    ဒီအင်တာဗျူး သတင်းထဲမှာလည်း ဒီဟိုတယ်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိတယ်ဆိုတဲ့ အကြောင်းအရာ မပါသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    DVB သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်ဟာ မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ခဏတာသာ လုပ်ဆောင်ပြီး မတ်လ ၃၁ ရက်နေ့ ညပိုင်းက စတင်ကာ ပိတ်မိနေသူတွေ နဲ့ သေဆုံး ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ တူးဖော်သယ်ယူခွင့်ကို ဟိုတယ်ဘက်က ကန့်သတ်ခဲ့ကြောင်း၊ ဟိုတယ်ရှိ တည်းခိုသူ ဧည့်သည်စာရင်းကိုလည်း ထုတ်ပြန်ပေးဖို့ ငြင်းဆန်ခဲ့ကြောင်း၊ ပိတ်မိနေသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ပရဟိတအဖွဲ့တွေက မိမိအစီအစဉ်ဖြင့် ရှာဖွေကယ်ဆယ်မှုပြုလုပ်မယ့် ကိစ္စကိုလည်း ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့ဘက်က ခွင့်မပြုခဲ့တဲ့အတွက် ဝေဖန်မှုအများအပြား ရှိခဲ့ပါတယ်။

    Tags

    earthquakeသဘာဝဘေးအန္တရာယ်မူးယစ်ဆေးသတင်းအတုFakenews
    Read Full Article
    Claim :   ဂရိတ်ဝေါလ်ဟိုတယ်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရှိတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!