BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်ကို ဒရုန်းနဲ့...
သတင်းအတု

နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး တော်လှန်ရေးအင်အား ၃၀၀၀ နီးပါးချီတက်ကာ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2024 7:56 AM IST
  • နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Radio ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လွှတ်တော်ပြာကျပြီ။ နေပြည်တော် ဒရုန်းမိုးရွာချပြီ။ တော်လှန်ရေးအင်အား ၃၀၀၀ နီးပါးချီတက်။ လွှတ်တော်နဲ့ သမ္မတနေအိမ်တွေကို မီးရှို့ပြီ' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မောင်း မီဒီယာဖေစ့်ဘွတ်ပေချ့် မှာ ဩဂုတ်လ ၂၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းမှုကြောင့် မြန်မာပြည်သူများ ပိုမိုကြပ်တည်းလာပြီး၊ အခက်ခဲဆုံးအခြေအနေကို ဖြတ်သန်းနေရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။

    မောင်း မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    လွှတ်တော်ပြာကျဒရုန်းDrone attackedနေပြည်တော်သိမ်းသမ္မတနေအိမ်Burned ParliamentFakenewsClickbaits
    Read Full Article
    Claim :   နေပြည်တော်ကို ဒရုန်းနဲ့ တိုက်ခိုက်ပြီး လွှတ်တော်နဲ့ သမ္မတနေအိမ်တွေ မီးရှို့တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!