BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရေသန့်ကို အပူပေးသောက်သုံးခြင်းက...
သတင်းအတု

ရေသန့်ကို အပူပေးသောက်သုံးခြင်းက ကင်ဆာဖြစ်စေနိုင်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ရေသန့်နဲ့ ထမင်းဟင်းချက်တာ၊ ရေနွေးကျိုသောက်တာတွေဟာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 May 2025 5:51 PM IST
  • ရေသန့်ကို အပူပေးသောက်သုံးခြင်းက ကင်ဆာဖြစ်စေနိုင်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို မေလ ၁၂ ရက်နေ့မှာ Khin Zarni Htun ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'ခေါက်ဆွဲပြုတ်တိုင်း ရေသန့်ပဲသုံးမိတဲ့ ဒို့တွေ သတိထားသင့်ပြီ။ ရေသန့်ကို ထမင်းဟင်းချက်တဲ့ နေရာ သုံးမိတယ်။ ရေသန့်ကို ရေနွေးကျိုသောက်တာ မဟုတ်ပဲနေပူထဲချထားရင်တောင် ကင်ဆာဖြစ်ပါတယ်။ ရေသန့်ဖြစ်ဖို့ ကလိုရင်းဆေးခပ်ရပါတယ်။ ရေသန့်ထဲမှာထည့်ထားတဲ့ ကလိုရင်းဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲလာတဲ့အခါ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အမည်မဖော်နိုင်တဲ့ ရောဂါတွေ ဖြစ်လာခြင်းများ ဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကို နွယ်လာနိုင်တာမျိုးဖြစ်နိုင်ချေများပါတယ်။ မယုံရင်ဆက်ပြီး အပူပေးကျိုသောက်ကြပါ။ ရိုးရိုးရေသန့်သည် ph 7 ပါ။ ph 7 ကိုထပ်သန့်စင်ရင် အယ်လ်ကာလီ ရေသန့်ဖြစ်လာပါတယ်။ အယ်လ်ကာလီ သောက်ရေသန့် ဖြစ်သွားပါတယ်။ အယ်လ်ကာလီသောက်ရေသန့်သည် ကျန်းမာရေး အတွက် အရမ်း အဆင်ပြေ ပါတယ်။ အယ်လ်ကာလီကနေ အယ်လ်ကာလိုင်းထိ ထပ်ပြောင်းလဲလို့ရပါတယ်။ ရေသန့်ဆိုတာ ရေစစ်နဲ့ စစ်ထားတဲ့ မြစ်ရေချောင်းရေကျိုသောက်တာ ပြသာနာမရှိပေမယ့် အခုနာမည်တပ်ရောင်းနေတဲ့ ရေသန့်အားလုံးသည် အပူပေး ကျိုချက်သောက်လို့မရပါ" လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီရေးသားမှုမှာပါဝင်တဲ့ ရေသန့်ကို ရေနွေးကျို သောက်တာမျိုး မဟုတ်ပဲ နေပူထဲထားရင်တောင် ကင်ဆာ ဖြစ်စေနိုင်တယ် ဆိုတဲ့ ရေးသားချက်ဟာ အချက်အလက်အမှားတွေအများအပြားပါဝင်နေပါတယ်။

    ဒါနဲ့ ပါတ်သတ်ပြီး ကနေဒါနိုင်ငံ ကင်ဆာအဖွဲ့အစည်း (Canadian Cancer Society) ရဲ့ ဖော်ပြချက်မှာ ရေခဲထားတဲ့ ဒါမှမဟုတ် အပူလွန်ကဲအောင် လုပ်ထားတဲ့ ပလတ်စတစ်ရေဘူးတွေက ရေကို သောက်ခြင်းက ကင်ဆာဖြစ်နိုင်ချေ များမလာဘူး လို့ ရေးသားထားပါတယ်။


    သြစတေးလျနိုင်ငံ ကင်ဆာကောင်စီ (Cancer Council Australia) ရဲ့ ဖော်ပြချက်ထဲမှာလည်း အလားတူ ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာ မှားယွင်းတဲ့ အချက်လို့ ဖော်ပြထားပါတယ်။

    ကနေဒါနိုင်ငံ ကင်ဆာအဖွဲ့အစည်းရဲ့ ဖော်ပြချက်တွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ကျန်းမာရေးနဲ့ ပါတ်သတ်တဲ့ အသိပညာပေးဆောင်းပါးတွေ ရေးသားဖေါ်ပြနေတဲ့ ဒေါက်တာတင့်ဆွေကလည်း သူ့ရဲ့ ဘလော့မှာ ရေကိုကျိုချက်ရုံနဲ့ မင်နရယ်လ် ခေါ် ဓါတ်ဆားတွေ ပျက်ပျယ်မသွားနိုင်ကြောင်း၊ ရေသန့်ဗူးထဲကရေကို ပွက်အောင်လုပ်လို့ ရေရဲ့ တန်ဖိုးသတ္တိ လျော့မသွားဘူးလို့ ရေးသားဖော်ပြထားပါတယ်။

    ဒါ့အပြင် ဖြန့်ဝေမှုထဲက အချက် တစ်ခုဖြစ်တဲ့ အယ်လ်ကာလီ သောက်ရေသန့်သည် ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုတဲ့ အချက်ဟာလည်း မှားယွင်းတယ်လို့ ပြောထားပါသေးတယ်။


    ဒေါက်တာတင့်ဆွေရဲ့ ရေးသားဖေါ်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အယ်ကာလိုင်းရေဟာ အခြားရေတွေထက် စွမ်းအင်တိုးစေတာ၊ အရိုးတွေသန်မာစေတာ ဒါမှမဟုတ် ကင်ဆာကို တွန်းလှန် နိုင်တယ်ဆိုတဲ့ ပြောဆိုနေမှုတွေအတွက် ခိုင်လုံတဲ့ အထောက်အထား မတွေ့ရှိရသေးဘူးလို့ ဝါရှင်တန်ပိုစ့် သတင်းစာမှာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဖော်ပြထားပါသေးတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


    Alkaline water အယ်လ်ကာလိုင်းရေဟာ pH ပမာဏ ပိုများတဲ့ရေဖြစ်ပါတယ်။ ရေမှာ PH ပမာဏ သုံညကနေ ၁၄ အထိ ပါဝင်နိုင်ပြီး သာမာန်ရေမှာ PH 7 ဖြစ်ပါတယ်။

    Tags

    Drinking WaterFalsenewsကျန်းမာရေးဗဟုသုတအမှားသတင်းအမှားcancerကင်ဆာရောဂါ
    Read Full Article
    Claim :   ရေသန့်ကို အပူပေးသောက်သုံးခြင်းက ကင်ဆာဖြစ်စေနိုင်တယ် လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!