BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မြန်မာစစ်တပ်ကို အရေးယူဖို့...
      သတင်းအတု

      မြန်မာစစ်တပ်ကို အရေးယူဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

      မြန်မာစစ်တပ်ကို စစ်ရေးအရ အရေးယူဖို့ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမိန့်ပေးတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  22 Nov 2024 10:15 PM IST
    • မြန်မာစစ်တပ်ကို အရေးယူဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေးတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သမ္မတထရမ့် လက်ထက် ပထမဆုံးစစ်မိန့်လာပြီ။ မြန်မာစစ်တပ်ကို ပထမဆုံး စစ်ရေးနဲ့ အရေးယူဖို့ အမိန့်ပေး။ ဒီမိုကရေစီ ဖျက်ဆီးသူဆိုပြီး ထရမ့်ဒေါသထွက်နေ' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      မြန်မာစစ်တပ်ကို အရေးယူဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      လက်ရှိမှာ ဒေါ်နယ်ထရမ့်အနေနဲ့ ရွေးကောက်ခံ အမေရိကန်သမ္မတလောင်းသာ ဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းရောက်မှသာ အမေရိကန် သမ္မတရာထူးကို လွှဲပြောင်းရယူမှာ ဖြစ်ပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ RFA Burmese သတင်းဌာနမှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဖြန့်ဝေထားတဲ့ '၂၀၂၅ မှာလုပ်မဲ့ ILO ညီလာခံမှာ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားပြုတွေကို လက်ခံမည်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး အဓမ္မ လုပ်အားပေးစေခိုင်းမှုတွေကို အစဉ်တစိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီကို ၂၀၂၅ ခုနှစ် ဇွန်လမှာကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ ILO ရဲ့ အခြေခံ ဥပဒေပုဒ်မ - ၃၃ (Article 33) အရ အရေးယူမဲ့ အတည်ပြုချက်တစ်ခုကို ILO အုပ်ချုပ်မှုကော်မတီက ချမှတ်လိုက်တဲ့အကြောင်း ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ မြန်မာစစ်တပ်ကို အရေးယူဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

      RFA Burmese သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      US Electionaction againstအရေးယူUS PresidentMyanmar ArmyFakenews
      Read Full Article
      Claim :   မြန်မာစစ်တပ်ကို အရေးယူဖို့ ဒေါ်နယ်ထရမ့် အမိန့်ပေးတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!