BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အောင်ဇေယျစစ်ဆင်ရေး မအောင်မြင်မှု...
      သတင်းအတု

      အောင်ဇေယျစစ်ဆင်ရေး မအောင်မြင်မှု ဒုချုပ်စိုးဝင်း ဖမ်းဆီးခံရမယ်ဆိုတဲ့ သတင်းအမှား

      အောင်ဇေယျစစ်ကြောင်း ဒေါနတောင်မှ ပြန်လည်ဆုတ်ခွာမှုမှာ တာဝန်မကျေမှုနဲ့ စစ်ကောင်စီ ဒုတပ်ချုပ် စိုးဝင်းကို စစ်ခေါင်းဆောင်က ဖမ်းမယ်ဆိုပြီး ရေးသားဖြန့်ဝေနေပါတယ်။

      By - Boom Live Myanmar |
      Published -  30 July 2024 8:25 AM IST
    • အောင်ဇေယျစစ်ဆင်ရေး မအောင်မြင်မှု ဒုချုပ်စိုးဝင်း ဖမ်းဆီးခံရမယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''အောင်ဇေယျထွက်ပြေးပြီဟေ့။ အောင်ဇေယျစစ်ကြောင်း အကျအရှုံးများစွာဖြင့် တပ်ပြန်ဆုပ်။ ဗိုလ်ချုပ်စိုးဝင်းကို တာဝန်မကျေမှုနဲ့ မအလဖမ်းမည်' လို့ ရေးသားထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အောင်ဇေယျစစ်ဆင်ရေး မအောင်မြင်မှု ဒုချုပ်စိုးဝင်း ဖမ်းဆီးခံရမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ People's Spring သတင်းဌာနမှာ ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'အောင်ဇေယျစစ်ကြောင်း ဒေါနတောင်မှ ပြန်ဆုတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ ဒုတပ်ချုပ် စိုးဝင်းကို စစ်ခေါင်းဆောင်က ဖမ်းမယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ကရင်ပြည်နယ် မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အထူးစစ်ကြောင်းအနေနဲ့ ဧပြီလဆန်းပိုင်းတည်းက ချီတက်လာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းဟာ တော်လှန်ရေး ပူပေါင်းတပ်တွေနဲ့ လေးလနီးပါး ထိတွေတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ ဒေါနတောင်ကြောကနေ ပြန်လည်ဆုတ်ခွာသွားပြီလို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Aung Zeya
      Read Full Article
      Claim :   အောင်ဇေယျစစ်ဆင်ရေး မအောင်မြင်မှု ဒုချုပ်စိုးဝင်း ဖမ်းဆီးခံရမယ် လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!