BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည် အရေးပေါ် ဆေးကုနေရပြီး ကျန်းမာရေးဆိုးရွားနေတဲ့အတွက် လွတ်ငြိမ်းခွင့် ပေးမယ့် သတင်းထွက်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  22 Nov 2024 10:19 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြည်သူ လမ်းလုံးပြည့် ကြိုနေကြပြီ။ ဒေါ်စု လွတ်ငြိမ်းခွင့်ပေးမည်ဟု သတင်းထွက်။ အရေးပေါ် ဆေးကုနေရပြီး ကျန်းမာရေးဆိုးရွားနေ။ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် တပ်အရာရှိတွေ ဒေါ်စုလွှတ်ပေးရန် အဆိုပြု' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သွားနဲ့ပတ်သက်တဲ့ဝေဒနာ၊ အရိုးကျည်းပေါင်းတက်ရောဂါနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိနေတယ်လို့ မီဒီယာအချို့မှာ ဖော်ပြထားတာ ရှိပေမယ့် အခုဖြန့်ဝေနေသလို အရေးပေါ် ဆေးကုနေရပြီး ကျန်းမာရေးဆိုးရွားနေတယ်ဆိုပြီး ရေးသားထားတာတော့ မရှိပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ကောင်စီထုတ်ပြန်သလောက်သာ သိရတဲ့အတွက် အများပြည်သူက သူရဲ့ ကျန်းမာရေးကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်လို့လည်း မီဒီယာအချိုမှာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    healt issueDaw Aung San Suu Kyireleasedreleased from prisonFakenewsလွတ်ငြိမ်းခွင့်
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းခွင့်ပေးမယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!