BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ်...
သတင်းအတု

လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖြေရှင်းတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 July 2023 10:04 AM IST
  • လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Curtis ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၅ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပုံကို ဗွီဒီယိုဖိုင် ကာဗာအဖြစ် အသုံးပြုကာ ‘လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေရှင်းပြီ!’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေရှင်းတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံတယ်ဆိုတဲ့ သတင်းနဲ့ အခြားသတင်းတွေကို ကူးယူပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

    တစ်နာရီကျော်တဲ့ ဒီတွေ့ဆုံမှု အသေးစိတ်ကို ထုတ်ဖော်ပြောမထားပေမယ့် တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းကျန်း မာမာ ရှိတယ်လို့ ထိုင်းဝန်ကြီးက ပြောဆိုတယ်ဆိုပြီး ထိုင်းအခြေစိုက် Bangkok Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။ သို့ရာတွင် လက်ရှိအချိန်အထိ တွေ့ဆုံမှုနဲ့ပက်သက်ပြီး အငြင်းပွားဖွယ်ကိစ္စတွေ ရှိနေသေးတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေရှင်းတယ်ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတာသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ဒေါ်အောင်ဆန်းစုကြည်Daw Aung San Suu Kyisecret meetingThai ministerထိုင်းနိုင်ငံခြားရေးဝန်ကြီးFakenews
    Read Full Article
    Claim :   ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖြေရှင်းတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!