BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်နေပြီဆိုတဲ့ သတင်းအမှား

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းချခံထားရတဲ့ ‌နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရန်ကုန်က သူမရဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 July 2023 4:42 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်နေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့GOPY 5 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့ ကာဗာပြုလုပ်ထားပြီး ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အမေစု ရန်ကုန်ပြန်ရောက်နေပြီ’ လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာအမေစု ရန်ကုန်ပြန်ရောက်နေပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ ‘နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ကနေပြည်တော် အကျဉ်းထောင်ကနေ နေပြည်တော် ခြံအမှတ် ၇၃ ဆီကို ခေါ်ထုတ်သွားတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောကြောင်း၊ ယခင် ဦးခင်ရီနေခဲ့ဘူးတဲ့ ခြံအမှတ် ၇၃ ကို ခေါ်ထုတ်သွားတာဖြစ်ကြောင်း၊ ဧည့်သည်တစ်ယောက်ယောက်နဲ့ ပေးတွေ့ဘို့ ဖြစ်လိမ့်မယ်လို့ ထင်ကြောင်း၊ မနက်အစောပိုင်းကတည်းက ထောင်မှာ လုံခြုံရေးအပြည့် ချထားကြောင်း’ တွေ ပြောဆိုထားတာပါ။

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဝန်ကြီးအဆင့်တွေ နေထိုင်တဲ့ နေပြည်တော်က နေအိမ်တစ်လုံးကို စစ်ကောင်စီက ပြောင်းရွှေ့လိုက်တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သိရှိသူက ပြောတယ်ဆိုပြီး သတင်းတွေထွက်နေပေမယ့် ရန်ကုန်မှာရှိတဲ့ သူမရဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိတယ်ဆိုတာတော့ မဟုတ်ပါဘူး။

    ဇူလိုင်လ ၂၈ ရက်နေ့မှာ ဖော်ပြထားတဲ့ VOA သတင်းဌာနရဲ့ သတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းကို ကြားသိမထားဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း ရေးသားထားပါတယ်။


    VOA ရဲ့ သတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ဘူးလို့ ငြင်းဆိုခဲ့တဲ့အပြင် အာရှနိုင်ငံတွေက ထိပ်တန်း ခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေမှုအပေါ်မှာလည်း အစီအစဉ်မရှိဘူးလို့ ပြောထားတယ်လို့ ရေးသားထားပါတယ်။

    VOA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ‌နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်Daw Aung San Suu Kyiနေပြည်တော် အကျဉ်းထောင်အကျဉ်းဦးစီးဌာနနေအိမ်အကျယ်ချုပ်house arrestNay Pyi Taw PrisonFakenews
    Read Full Article
    Claim :   နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရန်ကုန်က သူမရဲ့ နေအိမ်ကို ပြန်လည်ရောက်ရှိနေပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!