BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လူရွှင်တော်ဒိန်းဒေါင်...
      သတင်းအတု

      လူရွှင်တော်ဒိန်းဒေါင် ရှင်းလင်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

      စစ်ကောင်စီလက်ကိုင်တုတ် လူရွှင်တော် ဒိန်းဒေါင်ကို ယူဂျီတပ်ဖွဲ့တွေက ရှင်းလင်းသတ်ဖြတ်လိုက်ပြီဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေပါတယ်။

      By - Boom Live Myanmar |
      Published -  30 Dec 2022 9:24 AM IST
    • လူရွှင်တော်ဒိန်းဒေါင် ရှင်းလင်းသတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Tsx mar 07 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'စကစ လက်ကိုင်တုတ် ဒိန်းဒေါင် ရှင်းလင်းခံရပြီဗျို့။ စစ်ကောင်စီလက်ကိုင်တုတ် ဒိန်းဒေါင် ယူဂျီတပ်ဖွဲ့ ရှင်းလင်းလိုက်ပြီ' လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုဝင်ကြည့်ရင် ပိုစ့်မှာရေးသားထားသလို စစ်ကောင်စီလက်ကိုင်တုတ် လူရွှင်တော် ဒိန်းဒေါင်ကို ယူဂျီတပ်ဖွဲ့ တွေက ရှင်းလင်းသတ်ဖြတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မတွေ့ရပါဘူး။

      ဗွီဒီယိုဖိုင်ထဲမှာ Zin Thaw Naing ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဒီဇင်ဘာလ ၈ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ တင်ထားတဲ့ 'စစ်ကောင်စီ လက်ကိုင်တုတ် ဒိန်းဒေါင်ရဲ့ လုပ်ရပ်များကို ဖော်ထုတ်ခြင်း (၁+၂)' ဆိုတဲ့ ပိုစ့်ကို နောက်စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။


      ဒီပိုစ့်ထဲမှာ ဒိန်းဒေါင်ကို စစ်ကောင်စီက ဘယ်လိုနေရာ ပေးထားတာတွေ၊ ဒိန်းဒေါင်ကတဆင့် အခြားအနုပညာရှင်တွေကို ငွေကြေးနဲ့ စည်းရုံးစေခိုင်းခဲ့တာတွေ၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အနုပညာရှင်တွေအကြောင်း စစ်ကောင်စီကို ဒိန်းဒေါင်က သတင်းပေးတာတွေ အပြင် ဒိန်းဒေါင်နဲ့ စစ်ကောင်စီ ဘက်တော်သားတွေရဲ့ ပတ်သက်မှုအကြောင်းတွေကို ရေးသားထားတာပါ။

      ဒီထဲမှာ ဒိန်းဒေါင်ရှင်းလင်းခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေ ဖြစ်ပါတယ်။

      Zin Thaw Naing ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဖြန့်ဝေထားတဲ့ ဒိန်းဒေါင်အကြောင်းကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      ဒိန်းဒေါင်ရှင်းလင်းခံရလူရွှင်တော်ဒိန်းဒေါင်FakenewsMilitary Coupဒလန်
      Read Full Article
      Claim :   စစ်ကောင်စီလက်ကိုင်တုတ် လူရွှင်တော် ဒိန်းဒေါင်ကို ယူဂျီတပ်ဖွဲ့တွေက ရှင်းလင်းသတ်ဖြတ်လိုက်ပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!