BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရခိုင်တပ်မတော်မှ ဗိုလ်မှူးကြီးကို...
သတင်းအတု

ရခိုင်တပ်မတော်မှ ဗိုလ်မှူးကြီးကို ဖက်ဒရယ်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ဖက်ဒရယ်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ရခိုင်ပြည်တပ်မတော် (ANC/AA) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  20 May 2021 8:23 PM IST
  • ရခိုင်တပ်မတော်မှ ဗိုလ်မှူးကြီးကို ဖက်ဒရယ်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

    ဖြန့်ဝေမှုတွေကို မေလ ၁၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်ပုံစံအတုပြုလုပ်ပြီး "အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) မှ ဖက်ဒရယ်တပ်မတော်စစ်ဦးစီးချုပ်အဖြစ် ရခိုင်ပြည်တပ်မတော် (ANC/AA) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို ခန့်အပ်တာဝန်ပေးတယ်" တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အဆိုပါဖြန့်ဝေနေမှုဟာ သတင်းမှားသာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လက်ရှိအချိန်မှာ ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းထားခြင်းမရှိပဲ ဖက်ဒရယ်တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် "ပြည်သူ့ကာကွယ်ရေးတပ်" People Defense Force ကို မေလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။


    ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ပါတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရာဝင်ဖေစ့်ဘွတ်စာမျက်နှာမှာ ဖော်ပြထားချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိအချိန်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရည်မွန်က တာဝန်ယူထားပြီး ဒုဝန်ကြီးနေရာကို ဒေါ်ခင်မမမျိုးအား တာဝန်ပေးအပ်ထားခြင်းဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့တွင် ခန့်အပ်တာဝန်ပေးထားသော ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ အမည်တွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military CoupAACommander-in-ChiefFederal Armyဖက်ဒရယ်တပ်မတော်စစ်ဦးစီးချုပ်
    Read Full Article
    Claim :   အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က ဖက်ဒရယ်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ရခိုင်ပြည်တပ်မတော် (ANC/AA) မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်းကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!