BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ခေါင်းဆောင်ကို တရုတ်က...
      သတင်းအတု

      စစ်ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

      စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်သမ္မတက ဖမ်းဆီးမိန့်ထုတ်ပြီး တရုတ်စစ်သားတွေ နေပြည်တော် ရောက်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  22 Nov 2024 10:22 PM IST
    • စစ်ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးမိန့်ထုတ်တယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ခေါင်းဆောင် ရန်သူဝိုင်းခံရပြီ။ တရုတ်က ဖမ်းဆီးဖို့ အမိန့်ထုတ်။ တရုတ်သမ္မတ အမိန့်နဲ့ နေပြည်တော် ကို တရုတ်စစ်သားများ ရောက်ရှိ။ သဘောတီူမှု ချိုး‌‌ဖောက်တယ်ဆိုပြီး တရုတ်သမ္မတက မင်းအောင်လှိုင်ကို ဒေါသထွက်နေ' လို့ ရေးသား ထားတာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တရုတ် တို့ ပဒူအုံကို တုတ် နှင့် ထိုးတော့မည်လော' ဆိုတဲ့ သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်ကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာထဲမှာ တရုတ်အရေးနဲ့ စစ်ကောင်စီရဲ့ အခြေအနေတွေကို ပုဂ္ဂလိက အမြင်သက်သက် ရေးသားထားတာပဲ ဖြစ်ပါတယ်။

      Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖော်ပြထားတဲ့ အကြောင်းအရာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      China policyArrest warrantဖမ်းဝရမ်းထုတ်တရုတ်အရေးစစ်ခေါင်းဆောင်သတင်းတုသတင်းမှား
      Read Full Article
      Claim :   တရုတ်က စစ်ခေါင်းဆောင်ကို ဖမ်းဆီးမိန့်ထုတ်တယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!