BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • MNDAA စစ်ဦးစီးတွေကို...
      သတင်းအတု

      MNDAA စစ်ဦးစီးတွေကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

      ကိုးကန့်တပ်မတော် (MNDAA) ရဲ့ စစ်ဦးစီး ၈ ဦးကို တရုတ်က ခေါ်ယူဖမ်းဆီးလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  17 March 2025 12:00 PM IST
    • MNDAA  စစ်ဦးစီးတွေကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ် ယုတ်မာသမျှ MNDAA အာခံပြီ။ 1087 တတိယ လှိုင်း ဆင်နွှဲမယ့် MNDAA တပ်ရင်း (၈) ခုရဲ့ စစ်ဦးစီး (၈) ဦးကို တရုတ်က ခေါ်ယူဖမ်းဆီးလိုက်ပြီ' လို့ ရေးသားထား တာပါ။

      ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      MNDAA စစ်ဦးစီးတွေကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ SHAN News သတင်းဌာနမှာ မတ်လ ၁၄ ရက်နေ့က ဖော်ပြထားတဲ့ 'MNDAA စစ်ဦးစီးမှူး များကို တရုတ် အရေးပေါ်ခေါ်တွေ့၊ စစ်ကောင်စီနှင့် မကြာမီ ထပ်မံဆွေးနွေးမည်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      သတင်းထဲမှာ MNDAA ရဲ့ ခရိုင်စစ်ဦးစီးမှူးတွေကို တရုတ်အာဏာပိုင်တွေက အရေးပေါ် ခေါ်ယူတွေ့ဆုံနေပြီး စစ်ကောင်စီ နဲ့လည်း မတ်လ (၂၂) ရက်မှာ ထပ်မံတွေ့ဆုံ ဆွေးနွေးမှာဖြစ်ကြောင်း၊ စစ်ကောင်စီနဲ့ မတွေ့ဆုံခင်စပ်ကြား ကြိုတင် ဆွေးနွေးခြင်း ဖြစ်နိုင်ကြောင်း ရေးသားထားတာပါ။

      ဒီသတင်းထဲမှာ MNDAA စစ်ဦးစီးတွေကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

      SHAN News သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      China policyတရုတ်ဆင့်ခေါ်arresstedသတင်းအတုကိုးကန့်တပ်Fakenews
      Read Full Article
      Claim :   MNDAA စစ်ဦးစီးတွေကို တရုတ်ဖမ်းဆီးတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!