BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗိုလ်တိုက်ဂါး...
သတင်းအတု

ဗိုလ်တိုက်ဂါး နေပြည်တော်သိမ်းဖို့ပြောနေပြီဆိုတဲ့ သတင်းအမှား

ဗိုလ်နဂါးရဲ့ညီ ဗိုလ်တိုက်ဂါးက နေပြည်တော်ကို သိမ်းယူဖို့ ပြောနေပြီဆိုပြီး PDF တပ်ဖွဲ့ဝင်တစ်ယောက် စကားပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်ကို ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  5 Sept 2022 9:18 AM IST
  • ဗိုလ်တိုက်ဂါး နေပြည်တော်သိမ်းဖို့ပြောနေပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ခမာဘာသာစကားနဲ့ ရေးသားထားတဲ့ ဖေစ့်ဘွတ်ပေချ့်တစ်ခုမှာ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    သတင်းကို ဗိုလ်နဂါးညီ ဗိုလ်တိုက်ဂါး နေပြည်တော်ကို သိမ်းဖို့ ပြောနေပြီဆိုပြီး ဗွီဒီယိုဖိုင်ကာဗာနဲ့ အတူ ဆယ်မိနစ်နီးပါးကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဒီဖေစ့်ဘွတ်ပေချ့်မှာ နေ့စဉ်သတင်းတု သတင်းမှားပုဒ်ရေများစွာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ရှု့ရင် နေပြည်တော် PDF တပ်ဖွဲ့ဝင် ရဲဘော်ပေါက်စရဲ့ အင်တာဗျူးကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ပြောကြားမှုထဲမှာ နေပြည်တော်ကို သိမ်းမယ်ဆိုတဲ့အကြောင်းအရာ ပါဝင်မှုမရှိတာ တွေ့ရပါတယ်။

    ရဲဘော်ပေါက်စရဲ့ ပြောကြားချက်ထဲမှာ တော်လှန်ရေးအကြောင်း၊ အစ္စလာမ်ဘာသာဝင် တစ်ဦးရဲ့ ခံစားချက်နဲ့ တော်လှန်ရေးကို အဆုံးစွန်တိုက်မယ်ဆိုတာတွေ ပြောကြားသွားတာဖြစ်ပါတယ်။

    ရဲဘော်ပေါက်စနဲ့ အင်တာဗျူး မူရင်းကို Myanmar Pressphoto Agency သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။


    Myanmar Pressphoto Agency သတင်းဌာနမှာ ဖော်ပြထားတဲ့ ရဲဘော်ပေါက်စရဲ့ ပြောဆိုမှု မူရင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    seize NaypyidawPDF leaderဗိုလ်တိုက်ဂါးနေပြည်တော်သိမ်းဖို့ပြောအစ္စလာမ် PDF တပ်ဖွဲ့၀င်ဗိုလ်နဂါးFakenewsMilitaryMilitary Coup
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!