BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကမ္ဘာ့အခန့်ငြားဆုံးအမျိူးသားအဖြစ်...
သတင်းအတု

ကမ္ဘာ့အခန့်ငြားဆုံးအမျိူးသားအဖြစ် ကိုရီယား BTS က Kim Namjoon ရရှိတယ်ဆိုတဲ့ သတင်းအမှား

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားကို TC Candler ဝဘ်ဆိုဒ်က မဲဆန္ဒခံယူပြီး ရွေးချယ်ခဲ့ရာမှာ BTS အဖွဲ့ခေါင်းဆောင် Kim Namjoon က စူပါမန်းမင်းသားလို့ လူသိများတဲ့ Henry Cavill ကို ကျော်လွန်ပြီး ဆုရရှိသွားတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2022 3:07 PM IST
  • ကမ္ဘာ့အခန့်ငြားဆုံးအမျိူးသားအဖြစ် ကိုရီယား BTS က Kim Namjoon ရရှိတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းတွေကို ဩဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းမှာ စတင်ဖြန့်ဝေလာတာဖြစ်ပြီး မြန်မာနိုင်ငံက လူငယ်တွေကြားမှာလည်း အမျိုးမျိုးဝေဖန်နေတာမျိုးတွေ ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ TC Candler ဝဘ်ဆိုဒ်က ရွေးချယ်တဲ့ ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားဆုကို ဟောလီးဝုဒ်၊ ဘောလီးဝုဒ်၊ ဘောလုံးလောကနဲ့ ကမ္ဘာ့အနှံက ဆယ်လဘရတီတွေကို ကျော်လွန်ပြီး ကိုရီယား BTS က Kim Namjoon ရသွားကြောင်း၊ Kimဟာ ဟောလီးဝုဒ်မင်းသား Henry Cavill ထက် မဲပိုများပြီး ကမ္ဘာ့အခန့်ငြားဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတာဖြစ်ကြောင်း၊ TC Candler ရဲ့ The 100 most handsome faces of 2022 ခုနှစ် လျာထားတဲ့ စာရင်းထဲမှာ ကမ္ဘာ့အဝှမ်းက ဆယ်လဘရတီ အများအပြား ပါဝင်ကြောင်းတွေ ရေးထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းအမှားကို မြန်မာလူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ မပြန့်နှံ့မီ ဩဂုတ်လ အစောပိုင်းမှာကတည်းက နိုင်ငံခြားက ဝက်ဆိုက်အချို့နဲ့ ဆိုရှယ်မီဒီယာတွေပေါ် ဖြန့်ဝေနေတာပါ။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကမ္ဘာအရပ်ရပ်က လူသိများသူတွေကြား အလှဆုံးမျက်နှာ ၁၀၀ ရွေးချယ်မှုကို ၁၉၉၀ ခုနှစ်ကစပြီး နှစ်စဉ် ပြုလုပ်ခဲ့တဲ့ TC Candler ဝဘ်ဆိုဒ်က အခုဖြန့်ဝေနေတာနဲ့ ပတ်သတ်ပြီး သတင်းအမှားတွေသာ ဖြစ်တယ်လို့ ဩဂုတ်လ ၂၃ ရက်နေ့က သူတို့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ ပြန်လည်ဖြေရှင်းထားပါတယ်။


    TC Candler ရဲ့ ဖြေရှင်းချက်ထဲမှာ ၂၀၂၂ ခုနှစ်အတွက် ရွေးချယ်မှုတွေကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ TC Candler အနေနဲ့ ထိပ်တန်းအယောက် ၁၀၀ စာရင်းကို နှစ်စဉ် ဒီဇင်ဘာလကုန်ပိုင်းမှာ ထုတ်ပြန်တာဖြစ်ကြောင်း၊ ခုဖြန့်ဝေနေတဲ့ Kim Namjoon နဲ့

    Henry Cavill တို့ နှစ်ဦးစလုံးဟာ လျာထားစာရင်း ထိပ်ဆုံး ၅ ယောက်မှာတောင် ပါဝင်ခြင်း မရှိကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် မဲပေးတာတွေကို ဒီဇင်ဘာအထိ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ခုဖြန့်ဝေနေတာတွေကို မယုံဖို့နဲ့ ထပ်မံဖြန့်ဝေခြင်းတွေ မပြုလုပ်ဖို့ ရေးသားထားပါတယ်။

    TC Candler ရဲ့ ဖြေရှင်းချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    TC Candler ဝဘ်ဆိုဒ်က ရွေးချယ်တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားဆုကို မြန်မာနိုင်ငံမှ ပိုင်တံခွန်က ယမန်နှစ်က ရရှိခဲ့တာဖြစ်ပါတယ်။


    ယမန်နှစ်က ပိုင်တံခွန် ရွေးချယ်ခံခဲ့ရတာနဲ့ ပတ်သတ်ပြီး TC Candler ရဲ့ Youtube ချန်နယ်မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ကမ္ဘာ့အခန်းငြားဆုံးအမျိူးသားကိုရီယား BTSစူပါမန်းမင်းသားSupermanthe most handsome manHollywood celebritiesFactCheckFakenews
    Read Full Article
    Claim :   ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားကို TC Candler ဝဘ်ဆိုဒ်က မဲဆန္ဒခံယူပြီး ရွေးချယ်ခဲ့ရာမှာ BTS အဖွဲ့ခေါင်းဆောင် Kim Namjoon က စူပါမန်းမင်းသားလို့ လူသိများတဲ့ Henry Cavill ကို ကျော်လွန်ပြီး ဆုရရှိ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!