BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ချောင်းဆုံ NLD ရုံးအတွင်း...
သတင်းအတု

ချောင်းဆုံ NLD ရုံးအတွင်း သိုလှောင်ထားတဲ့ ဗုံးများပေါက်ကွဲတယ်ဆိုတဲ့ သတင်းအမှား

ချောင်းဆုံ NLD ရုံးအတွင်း သိုလှောင်ထားတဲ့ ဗုံးများပေါက်ကွဲတယ်လို့ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

By - Boom Live Myanmar |
Published -  16 Nov 2021 9:55 PM IST
  • ချောင်းဆုံ NLD ရုံးအတွင်း သိုလှောင်ထားတဲ့ ဗုံးများပေါက်ကွဲတယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းအမှားကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ စစ်တပ်ထောက်ခံသူတွေရဲ့ ဖေစ့်ဘွတ်ဂရုနဲ့ ပေချ့်တွေမှာ စတင်ဖြန့်ဝေနေတာ တွေရပြီး "ချောင်းဆုံ NLD ရုံးအတွင်း သိုလှောင်ထားတဲ့ ဗုံးများ ပေါက်ကွဲ။ ပေါက်ကွဲမှုအားက တော်တော်ပြင်းတယ်။ အထဲကပေါက်တာဆိုတော့ အမိုးတွေပါ ပွင့်ထွက်ကုန်တာ မြင်တဲ့အတိုင်းပဲ။ NLD အကြမ်းဖက်ရုံး တွေသေချာစစ်ဆေးသင့်နေပြီ" လို့ ရေးသားထားပါတယ်။

    တချို့ဖြန့်ဝေမှုတွေမှာတော့ "ချောင်းဆုံ NLD ပါတီရုံး ပေါက်ကွဲမှုဟာ ဗုံးခွဲခံရခြင်းမဖြစ်နိုင်ကြောင်းနဲ့ အနီးအနားက အိမ် ၅ လုံး ထိခိုက်ပျက်ဆီးတာဟာ ပါတီရုံးထဲ အကြမ်းဖက်လုပ်ငန်းတွေ အသုံးပြုဖို့ ဖောက်ခွဲရေး ပစ္စည်းတွေသိုလှောင်ရာက မတော်တဆ ပေါက်ကွဲတာလို့ ယူဆကြောင်း" တွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဟာ နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲခန့်မှာ မိုင်းခွဲ ဖျက်ဆီးခံလိုက်ရကြောင်း ဒီဗွီဘီသတင်းဌာနမှာ ဖော်ပြထားပါတယ်။


    သတင်းမှာဖော်ပြချက်အရ ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီရုံးဟာ ချောင်းဆုံမြို့မရဲစခန်းနဲ့ မျက်စောင်းထိုးမှာ ရှိနေပြီး အမည်မသိ လူတစ်စုက လာရောက်မိုင်းထောင်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

    ပေါက်ကွဲမှုနဲ့ ပါတ်သတ်ပြီး ချောင်းဆုံမြို့မရဲစခန်းအနီးမှာ ရှိနေတဲ့အတွက် အလွယ်တကူ မိုင်းထောင်ရန် မဖြစ်နိုင်ကြောင်းနဲ့ ပျူစောထီး (သို့) စစ်ကောင်စီအဖွဲ့ဝင်တွေ ပြုလုပ်မှသာ ဒီလိုဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရေးသားနေတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေသိုလှောင်ရာက မတော်တဆ ပေါက်ကွဲတယ်လို့ ဆိုရာမှာလည်း ချောင်းဆုံ မြို့နယ် အန်အယ်လ်ဒီ ပါတီရုံးအပါအဝင် မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင် စတဲ့ အခြားမြို့နယ် တွေမှာလည်း ပါတီရုံး ၅ ရုံး မိုင်းခွဲ ဖျက်ဆီးခံထားရပါသေးတယ်။

    DVB သတင်းဌာနရဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ချောင်းဆုံ NLD ရုံးChaung SoneNLD officebombs explodeဗုံးပေါက်ကွဲမှုချောင်းဆုံမြို့မရဲစခန်းပျူစောထီးစစ်ကောင်စီMilitary Coupmilitary council
    Read Full Article
    Claim :   ချောင်းဆုံ NLD ရုံးအတွင်း သိုလှောင်ထားတဲ့ ဗုံးများပေါက်ကွဲတယ်လို့ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!