BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေကို...
သတင်းအတု

သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေကို မသေစေနိုင်ပါ

သကြားရှောင်ပြီး သံပုရာ ရေနွေး ၃ လလောက် သောက်သုံးပေးခြင်းက ကင်ဆာဆဲလ်တွေ အလိုလိုသေစေနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်မှားယွင်းနေတဲ့ သတင်းမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Jan 2025 9:43 AM IST
  • သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေကို မသေစေနိုင်ပါ

    ဒီသကြားရှောင်လိုက်ရင် ကင်ဆာဆဲလ်တွေ အလိုလိုသေသွားမယ်ဆိုတဲ့ အကြောင်းအရာကို ဘာသာစကားအမျိုးမျိုးနဲ့ နှစ်အတန်ကြာကတည်းက ဖြန့်ဝေနေတာဖြစ်ပါတယ်။

    မြန်မာဘာသာပြန်ပြီး ရေးသားဖြန့်ဝေနေတာတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ‘ကင်ဆာကြောင့် မသေနိုင်ကြတော့ဘူးလို့ ဒေါက်တာ Gupta က ပြောကြောင်း၊ ပထမအဆင့်အနေနဲ့ သကြားလုံးဝ မစားပဲနေပါက ကင်ဆာဆဲလ်တွေ အလိုလိုသေသွားမှာဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေနဲ့ အစာမစားမီ သံပုရာသီး တစ်လုံးကို ရေနွေးနဲ့ မွှေပြီးသောက်ပါက သုံးလခန့်နေရင် ကင်ဆာဆဲလ်တွေကို ဓာတ်ကင်ကုသတာထက် အဆတစ်ထောင်ပိုကောင်းတယ်လို့ Maryland College of Medicine ရဲ့ Research အရ သိရကြောင်း၊ တတိယအဆင့်အနေနဲ့ အုန်းဆီစစ်စစ် သုံးဇွန်းကို မနက်ည သောက်ပေးပါက ကင်ဆာဆဲလ် အလိုလို ပျောက်သွားမှာဖြစ်ကြောင်း’ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ နှစ်တွေမှာ ကတည်းက BOOM Myanmar က သတင်းဆန်းစစ်ပြီး ဖြစ်ပေမယ့် ဖြန့်ဝေမှု အများအပြား တဖန်ရှိလာတဲ့အတွက် ထပ်မံရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

    သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေကို အလိုလိုသေစေနိုင်တယ်ဆိုတဲ့ အချက်ဟာ သိပ္ပံနည်းကျ စမ်းသပ်ထားတာ မဟုတ်တဲ့ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

    ပထမဆုံးအချက်ဖြစ်တဲ့ သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေ သေဆုံးနိုင်သလားဆိုတာနဲ့ ပက်သက်ပြီး Cancer Research UK ရဲ့ သုတေသနပြုမှုထဲမှာ သကြားမပါဝင်တဲ့ စားသောက်မှုပုံစံဟာ ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတာ (သို့မဟုတ်) ရောဂါတွေ့ပြီးနောက်ပိုင်း အသက်ရှင်နိုင်ခြေ မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူးလို့ ရေးသားထားပါတယ်။


    ကင်ဆာဆဲလ်တွေ ကြီးထွားဘို့အတွက် ဂလူးကို့စ်များစွာလိုအပ်ကြောင်း ပြောထားတဲ့အတွက် ဒီအကြောင်းအရာကို ဖြန့်ဝေသူတွေက စားသောက်မှုပုံစံမှာ သကြားကို ဖြတ်တောက်လိုက်တာက ကင်ဆာဆဲလ်တွေ ကြီးထွားလာမှုကို ရပ်တန့်စေတယ်ဆိုပြီး ယူဆကာ ရေးသားပြောဆိုနေတာ ဖြစ်ကြောင်း၊ ဒါပေမယ့် ကင်ဆာနဲ့ သကြား ဆက်စပ်မှုက ဒီလောက်မရိုးရှင်းကြောင်း၊ လူတွေမှာရှိတဲ့ ကျန်းမာတဲ့ ဆဲလ်တွေအကုန်လုံးက ဂလူးကို့စ်လိုအပ်တာဖြစ်ကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။

    Cancer Research UK ရဲ့ ရေးသားဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ကင်ဆာရှိရင် သကြားဖြတ်ရမယ် ဆိုတဲ့ အချက်ဟာ ယုံတမ်းစကားသာဖြစ်ကြောင်း၊ အမှန်က ကင်ဆာရှိတာနဲ့ သကြား ရှောင်စရာ မလိုကြောင်း၊ ကင်ဆာဆဲလ်တွေက သာမန်ဆဲလ်တွေထက် သကြားဓာတ်ကို ပိုကြိုက်တယ်ဆိုပေမယ့် သကြား စားလို့ ကင်ဆာ ပိုဆိုးတယ် ဆိုတာကတော့ မဟုတ်ကြောင်း၊ သကြားမစားလို့လည်း ကင်ဆာဆဲလ်တွေက ပျောက်မသွား ကြောင်း၊ လူထုကျန်းမာရေးဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Hello Sayarwon မှာ ရေးသားဖော်ပြထားပါတယ်။


    ကင်ဆာဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းက အလုပ်လုပ်ဖို့ သကြားဓာတ်လိုအပ်တဲ့အတွက် ကင်ဆာဆဲလ်တွေ သေအောင်ဆိုပြီး သကြားဓာတ်ဖြတ်လိုက်ပါက လူနာပါ ဒုက္ခရောက်သွားမှာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

    Hello Sayarwon မှာ ဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သံပုရာရည်ကို ရေနွေးနဲ့ မွှေသောက်တာ ကင်ဆာရောဂါပျောက်တယ်ဆိုတဲ့ အချက်ဟာလည်း အချက်အလက်အမှားပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေတဲ့ BOOM စာမျက်နှာမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လာအတွင်းကပင် ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ကင်ဆာအဖွဲ့အစည်း ဆေးရုံမှ ကင်ဆာအထူးကုနှင့် ပရောဂျက်ဒါရိုက်တာ ပါမောက္ခ ဒေါက်တာ Golam Mohiuddin Faruque က သံပုရာသီးဟာ ကင်ဆာကို ကုသပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ အထောက်အထားမခိုင်လုံကြောင်း ‘သံပုရာရေနွေး ဒါမှဟုတ် အခြားအစား အစာ တစ်ခုခုအနေနဲ့ ကင်ဆာကုသနိုင်တယ်လို့ ဘယ်သူမှ မပြောနိုင်သလို ဒါတွေဟာ သိပ္ပံနည်းကျ အဖြေရှာထားတာ မရှိပါဘူး’ လို့ ပြောဆိုထားပါတယ်။

    သံပုရာသီးအပါအဝင် သံပုရအနွယ်ဝင်တွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တာတွေ့ရပေမယ့် ဒါတွေဟာ ကုသနည်းမဟုတ်ပါဘူးလို့ ပြောဆိုထားပါတယ်။


    BOOM မှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်ဆုံး အချက်အနေနဲ့ အုန်းဆီစစ်စစ် သောက်ပေးပါက ကင်ဆာပျောက်တယ်ဆိုတဲ့ အချက်ဟာလည်း အချက်အလက် အမှားပဲ ဖြစ်ပါတယ်။

    အုန်းဆီမှာပါဝင်တဲ့ လောရစ်ခ်အက်စစ် (lauric acid) ဟာ ကင်ဆာဆဲလ်တွေ တိုးပွားမှုကို ဟန့်တားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် အမျိုးသားဆေးဝါးစာကြည့်တိုက် (National Library of Medicine) က ထုတ်ဝေတဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒါတွေဟာ စျေးဝယ်စင်တာတွေ၊ စျေးတွေမှာ ရောင်းချနေတဲ့ စီးပွားဖြစ် အုန်းဆီ တွေမဟုတ်ဘဲ တစ်ရာရာခိုင်နှုန်း medium-chain triglycerides (MCTs) နဲ့ အထူးဖော်စပ်ထားတဲ့ အုန်းဆီရဲ့ ဖော်ပြူလာကို အသုံးပြုထားတဲ့ သုတေသနကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီသုတေသနတွေဟာ နောက်ဆက်တွဲ လေ့လာမှုတွေ ပြုလုပ်ဘို့ လိုအပ်နေသေးတယ်လို့ စာတမ်းက ဖော်ပြထားပါတယ်။

    ဒီစာတမ်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ သကြားရှောင်ပြီး သံပုရာ ရေနွေး ၃ လလောက် သောက်သုံးပေးခြင်းက ကင်ဆာဆဲလ်တွေ အလိုလိုသေစေနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်မှားယွင်းနေတဲ့ သတင်းမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    canceravoiding sugarသကြားသံပရာရေအုန်းဆီFakenewsdrinking warm lemon juice
    Read Full Article
    Claim :   သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေကို အလိုလိုသေစေနိုင်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!