BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သကြားရှောင်ခြင်းနဲ့...
သတင်းအတု

သကြားရှောင်ခြင်းနဲ့ သံပုရာရည်နွေးသောက်တာက ကင်ဆာပျောက်တယ်ဆိုတဲ့ သတင်းအမှား

သကြားရှောင်ခြင်း၊ သံပုရာရေနွေးနွေးသောက်ခြင်းနဲ့ အုန်းဆီမနက်ည သောက်ခြင်းက ကင်ဆာရောဂါပျောက်ကင်းတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 May 2023 8:25 AM IST
  • သကြားရှောင်ခြင်းနဲ့ သံပုရာရည်နွေးသောက်တာက ကင်ဆာပျောက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို နိုင်ငံတကာက လူမူကွန်ရက်အသုံးပြုသူတွေကြားမှာ ဘာသာစကားအမျိုးမျိုးနဲ့ နှစ်အတော်ကြာ ဖြန့်ဝေနေကြတာ တွေ့‌ရပြီး မြန်မာဘာသာနဲ့ ဖြန့်ဝေထားတာကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြန့်ဝေထားတာ တွေ့ရပါတယ်။

    အခုရက်ပိုင်းမှာ ဒီပို့စ်နဲ့ ပက်သက်ပြီး အမျိုးမျိုးထပ်မံဖြန့်ဝေလာတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

    ဖြန့်ဝေရာမှာ ‘ကင်ဆာကြောင့် မသေနိုင်ကြတော့ဘူးလို့ ဒေါက်တာ Gupta က ပြောကြောင်း၊ ပထမအဆင့်အနေနဲ့ သကြားလုံးဝ မစားပဲနေပါက ကင်ဆာဆဲလ်တွေ အလိုလိုသေသွားမှာဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေနဲ့ အစာမစားမီ သံပုရာသီး တစ်လုံးကို ရေနွေးနဲ့ မွှေပြီးသောက်ပါက သုံးလခန့်နေရင် ကင်ဆာဆဲလ်တွေကို ဓာတ်ကင်ကုသတာထက် အဆတစ်ထောင်ပိုကောင်းတယ်လို့ Maryland College of Medicine ရဲ့ Research အရ သိရကြောင်း၊ တတိယအဆင့်အနေနဲ့ အုန်းဆီစစ်စစ် သုံးဇွန်းကို မနက်ည သောက်ပေးပါက ကင်ဆာဆဲလ် အလိုလို ပျောက်သွားမှာဖြစ်ကြောင်း’ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ သိပ္ပံနည်းကျ စမ်းသပ်ထားခြင်းမရှိတဲ့ အချက်အလက်အမှားတွေပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို နိုင်ငံအသီးသီးက သတင်းဌာနတွေမှာ သတင်းဆန်းစစ်ချက်ပြုလုပ်ထားပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအခြေစိုက် Factly ဆိုတဲ့ factcheck သတင်းဌာနကလည်း ၂၀၁၉ ခုနှစ်ကတည်းက ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး သတင်းဆန်းစစ်ထားပါတယ်။ ဒါ့အပြင် AFP သတင်းဌာနကလည်း ပြီးခဲ့တဲ့ မေလအတွင်းက မြန်မာဘာသာနဲ့ သတင်းဆန်းစစ်ထားပါသေးတယ်။

    ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ပထမဆုံးအချက်ဖြစ်တဲ့ သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေ သေဆုံးနိုင်သလားဆိုတာနဲ့ ပက်သက်ပြီး Cancer Research UK ရဲ့ သုတေသနပြုမှုထဲမှာ သကြားမပါဝင်တဲ့ စားသောက်မှုပုံစံဟာ ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတာ (သို့မဟုတ်) ရောကဂါတွေ့ပြီးနောက်ပိုင်း အသက်ရှင်နိုင်ခြေ မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူးလို့ ရေးသားထားပါတယ်။


    ကင်ဆာဆဲလ်တွေ ကြီးထွားဘို့အတွက် ဂလူးကို့စ်များစွာလိုအပ်ကြောင်း ပြောထားတဲ့အတွက် ဒီအကြောင်းအရာကို ဖြန့်ဝေသူတွေက စားသောက်မှုပုံစံမှာ သကြားကို ဖြတ်တောက်လိုက်တာက ကင်ဆာဆဲလ်တွေ ကြီးထွားလာမှုကို ရပ်တန့်စေတယ်ဆိုပြီး ယူဆကာ ရေးသားပြောဆိုနေတာ ဖြစ်ကြောင်း၊ ဒါပေမယ့် ကင်ဆာနဲ့ သကြား ဆက်စပ်မှုက ဒီလောက်မရိုးရှင်းကြောင်း၊ လူတွေမှာရှိတဲ့ ကျန်းမာတဲ့ ဆဲလ်တွေအကုန်လုံးက ဂလူးကို့စ်လိုအပ်တာဖြစ်ကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Phyathai ဆေးရုံက ကင်ဆာအထူးကု ဒေါက်တာ Punlert Tanyakul က “သကြားဓာတ်က လူတိုင်းရဲ့ခန္ဓာကိုယ့်အတွက် လိုအပ်တဲ့အတွက် သကြားဓာတ်ကို ဖြတ်တောက်ပစ်တာဟာ ကျိန်းသေပေါက် မကောင်းပါဘူး။ သကြားဓာတ်ကို ခန္ဓာကိုယ်က မရရှိဘူးဆိုရင် ခန္ဓာဆဲလ်တွေက အသက်ရှင်နိုင်မှာ မဟုတ်သလို အလုပ်လုပ်နိုင်မှာလည်း မဟုတ်ပါဘူး” လို့ ပြောထားတယ်လို့ AFP သတင်းဌာနရဲ့ သတင်းဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် သကြားအလွန်အကျွံစားသုံးတာကလည်း ကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေနိုင်တယ်လို့ ပြောထားပါတယ်။

    “သကြားက ကင်ဆာဆဲလ်တွေကို တိုးပွားစေသလား” ဆိုပြီး ခေါင်းစဉ်ပေးထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း Cancer Research အဖွဲ့ရဲ့ YouTube မှာ တင်ထားတာတွေ့ရပါတယ်။

    သံပုရာရည်ကို ရေနွေးနဲ့ မွှေသောက်တာ ကင်ဆာရောဂါပျောက်တယ်ဆိုတဲ့ အချက်ဟာလည်း အချက်အလက်အမှားပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေတဲ့ BOOM စာမျက်နှာမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လာအတွင်းကပင် ဖော်ပြထားပြီး ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် ကင်ဆာအဖွဲ့အစည်း ဆေးရုံမှ ကင်ဆာအထူးကုနှင့် ပရောဂျက်ဒါရိုက်တာ ပါမောက္ခ ဒေါက်တာ Golam Mohiuddin Faruque က သံပုရာသီးဟာ ကင်ဆာကို ကုသပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ အထောက်အထားမခိုင်လုံကြောင်း ‘သံပုရာရေနွေး ဒါမှဟုတ် အခြားအစားအစာ တစ်ခုခုအနေနဲ့ ကင်ဆာကုသနိုင်တယ်လို့ ဘယ်သူမှ မပြောနိုင်သလို ဒါတွေဟာ သိပ္ပံနည်းကျ အဖြေရှာထားတာ မရှိပါဘူး’ လို့ ပြောဆိုထားပါတယ်။ သံပုရာသီးအပါအဝင် သံပုရအနွယ်ဝင်တွေဟာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တာတွေ့ရပေမယ့် ဒါတွေဟာ ကုသနည်းမဟုတ်ပါဘူးလို့ ပြောဆိုထားပါတယ်။


    BOOM မှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အုန်းဆီစစ်စစ် သောက်ပေးပါက ကင်ဆာပျောက်တယ်ဆိုတဲ့ အချက်ဟာလည်း အချက်အလက်အမှားပဲ ဖြစ်ပါတယ်။

    အုန်းဆီမှာပါဝင်တဲ့ လောရစ်ခ်အက်စစ် (lauric acid) ဟာ ကင်ဆာဆဲလ်တွေ တိုးပွားမှုကို ဟန့်တားနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် အမျိုးသားဆေးဝါးစာကြည့်တိုက် (National Library of Medicine) က ထုတ်ဝေတဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

    ဒါပေမယ့် ဒါတွေဟာ စျေးဝယ်စင်တာတွေ၊ စျေးတွေမှာ ရောင်းချနေတဲ့ စီးပွားဖြစ် အုန်းဆီတွေမဟုတ်ဘဲ တစ်ရာရာခိုင်နှုန်း medium-chain triglycerides (MCTs) နဲ့ အထူးဖော်စပ်ထားတဲ့ အုန်းဆီရဲ့ ဖော်ပြူလာကို အသုံးပြုထားတဲ့ သုတေသနကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

    ပြီးတော့ ဒီသုတေသနတွေဟာ နောက်ဆက်တွဲလေ့လာမှုတွေ ပြုလုပ်ဘို့ လိုအပ်နေသေးတယ်လို့ စာတမ်းက ဖော်ပြထားပါတယ်။

    ဒီစာတမ်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Cancercurehealth hoaxကင်ဆာရောဂါကုထုံးFakenewsသံပုရာရေသကြားအုန်းဆီavoiding sugardrinking warm lemon juice
    Read Full Article
    Claim :   သကြာင်းရှောင်ခြင်း၊ သံပုရာရေနွေးနွေးသောက်ခြင်းနဲ့ အုန်းဆီမနက်ည သောက်ခြင်းက ကင်ဆာရောဂါပျောက်ကင်းတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!