BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ...
သတင်းအတု

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အာဆီယံထုတ်ပြန်ထုတ်ပြန်ကာ စစ်ခေါင်းဆောင်ကို သူပုန်လို့ စွပ်စွဲတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Jan 2025 10:07 PM IST
  • စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အာဆီယံပယ်ဖျက်မည်။ စစ်တပ်ရွေးကောက်ပွဲ တရားမဝင်ဟု အာဆီယံထုတ်ပြန်။ NUG က ရွေးကောက်ပွဲ တရားဝင်ကြေညာမှ လက်ခံမည်။ စစ်ခေါင်းဆောင်ကို သူပုန်ဟု အာဆီယံ ဝန်ကြီး ၃ ဦး စွပ်စွဲပြီ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ RFA သတင်းဌာနမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဖော်ပြထားတဲ့ 'ရွေးကောက်ပွဲဦးစားမပေးဘဲ အပစ်ရပ်ပြီး ဆွေးနွေးပွဲစတင်ဖို့ စစ်ကောင်စီကို အာဆီယံတိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဦးစားမပေးဘဲ ချက်ချင်းအပစ်အခတ်ရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ကောင်စီကို ဇန်နဝါရီလ ၁၉ ရက်နေ့ တိုက်တွန်းပြောဆိုလိုက်ကြောင်း၊ ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီပေးခွင့်တွေ ဖွင့်ပေးဖို့ကိုလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပြောလိုက်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြောတဲ့အကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့

    အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Asian Membershipအာဆီယံအာဆီယံအစည်းဝေးစစ်ကောင်စီရွေးကောက်ပွဲစည်းရုံးရေးသတင်းအတုFakenews
    Read Full Article
    Claim :   စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ တရားမဝင်ဘူးလို့ အာဆီယံထုတ်ပြန်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!