BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိဘကို စော်ကားတဲ့အတွက် မြေမြိုခံရသူ...
သတင်းအတု

မိဘကို စော်ကားတဲ့အတွက် မြေမြိုခံရသူ ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

မိဘကို စော်ကားတဲ့အတွက် မြေမြိုခံရသူ ဆူဟိုဆိုပြီး အကြိမ်ကြိမ်ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 Jun 2023 4:46 PM IST
  • မိဘကို စော်ကားတဲ့အတွက် မြေမြိုခံရသူ ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို ပြည်တွင်း ပြည်ပ သတင်းစုံ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပေမယ့် နှစ်စဉ် ပြန်လည်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ၅ နှစ်တာ ကာလအတွင်း ဒီအကြောင်းအရာကို ဖြန့်ဝေမှုပေါင်း တစ်သိန်းရှစ်သောင်းကျောရှိနေပြီး ပိုစ့်အောက်က မှတ်ချက်ပေါင်းလည်း တစ်သောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ မြေကြီးထဲ ကျွံဝင်နေတဲ့ လူတစ်ယောက်ရဲ့ ပုံအပါအဝင် အခြားဓာတ်ပုံ ၃ ပုံနဲ့အတူ ‘မိဘကို စော်ကား၍မြေမြိုခံရသော ဆူဟို။ မန္တလေးတိုင်း အောင်ပင်လယ်ရပ်ကွက်နေသူ မောင်ထင်လင်းဦး ခေါ် မောင်ဆူဟို သည် June 15ရက် နေ့တွင် ကိုရီးယား အဆိုတော်အဖွဲ့ EXO ၏ သီချင်းခွေဝယ်ရန် အမေဖြစ်သူ မုဆိုးမကြီးထံမှ ပိုက်ဆံတောင်းရာ မပေးသဖြင့် မိခင်အိုကြီးအား ဆဲဆို ကန်ကျောက်ရိုက်နက်၍ အိမ်မှ ဆင်းသွားစဉ် မြေမြိုခံခဲ့ရကြောင်း၊ အခင်းဖြစ်ပွားရာ နံနက် ၁၀နာရီခွဲခန့်တွင် ခြေမျက်စိလောက် မြိုရာမှ နေ့လည်ခင်းအချိန်တွင် ခါး ညနေအချိန်မှာ ခေါင်းသာ ပေါ်တော့ကြောင်း၊ ရေဆာတယ်ဟုတကြော်ကြော်အော်နေသော်လည်း အနားကိုမည်သူမှကပ်မရ မီးဟပ်သလိုပူကြောင်း၊ ရေကို ဝါးလုံးထိပ်မှာချည်ပြီးပေးသော်လည်း ဝါးလုံးမီးစွဲ၍ရေပို့လို့မရခဲ့ကြောင်း၊ ဒါ့ကြောင့် မိဘစော်ကား၍ မြေမြိုခံရသော EXO ပရိတ်သတ် မောင်ထင်လင်းဦးခေါ် ဆူဟို လိုအဖြစ်မျိုး မဖြစ်စေရန် လူငယ် လူရွယ်များ ရှောင်ကျင်နိုင်ရန်Share ပေးကြပါ ခင်ဗျာ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို စတင်ဖြန့်ဝေချိန် ၂၀၁၈ ခုနှစ် နဲ့ တဝိုက်မှာ ဒီလိုအဖြစ်အပျက် ဖြစ်ခဲ့တယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိတဲ့အပြင် ဖြန့်ဝေမှုမှာ ပါဝင်တဲ့ အချို့ဓာတ်ပုံတွေဟာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ တခြားအကြောင်းအရာက ပုံတွေကို ရယူအသုံးပြုထားတာ တွေ့ရပါတယ်။

    ဧရာဝတီသတင်းဌာနမှာ ၂၀၁၆ ခုနှစ် ဩဂုတ် ၂ ရက်နေ့က ဖော်ပြထားတဲ့ ‘အမျိုးသမီး တဦး အသတ်ခံရမှု တံတားဦး လူထု ဆန္ဒပြ’ ဆိုတဲ့ သတင်းမှာ ပါဝင်တဲ့ ဓာတ်ပုံကို အခုဖြန့်ဝေမှုမှာတော့ ‘မြေမြိုခံရသည်ကို ဝိုင်းအုံကြည့်နေသော လူတစု’ လို့ ရေးသားဖော်ပြထား ပါတယ်။


    ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် RFA သတင်းဌာနမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့က ဖော်ပြထားတဲ့ ရခိုင်အရေးအခင်းနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ်ရဲ့ ပုံကိုလည်း ရယူအသုံးပြုထားပါသေးတယ်။

    အိမ်မီးလောင်ဆုံးရှုံးပြီး ပူဆွေးနေတဲ့ မူဆလင် မျိုးသမီးတစ်ဦးကို နောက်တစ်ဦးက ဖြေသိမ့်နေတဲ့ပုံကိုလည်း အခုဖြန့်ဝေမှုမှာတော့ ‘သားဖြစ်သူ အဖြစ်ဆိုးအတွက် ဖြေမဆည်နိုင်သော အမေအိုကြီး’ လို့ လုပ်ကြံရေးသားထားတာ တွေ့ရပါတယ်။


    RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    မြေမြိုမြေမြိုခံရသူinsulting a parentFake imagesClickbaitsFakenews
    Read Full Article
    Claim :   မိဘကို စော်ကားတဲ့အတွက် မြေမြိုခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!