BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျောက်ဖြူမြို့က တရုတ်စစ်သားတွေ AA...
သတင်းအတု

ကျောက်ဖြူမြို့က တရုတ်စစ်သားတွေ AA ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို ရောက်နေတဲ့ တရုတ်စစ်သား ၅၀၀၀ ကို အာရက္ခတပ်တော် AA က ပိတ်ဆို့ ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  28 March 2025 9:28 PM IST
  • ကျောက်ဖြူမြို့က တရုတ်စစ်သားတွေ AA ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကျောက်ဖြူမြို့ကို ရောက်နေတဲ့ တရုတ်စစ်တပ် (၅၀၀၀) AA ပိတ်ဆို့ဖမ်းဆီးလိုက်ပြီ။ KNDF နေပြည်တော်ချပြီ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကျောက်ဖြူမြို့က တရုတ်စစ်သားတွေ AA ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ မတ်လ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ 'KNDF ဒုစစ်ဦးစီးချုပ်က စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ ရရှိ​သော သတင်းဓါတ်ပုံများကို ထုတ်​ဖော်ပြသ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီ အခြေ စိုက်စခန်းများ၊တပ်ရင်းများကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်ကာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း၊ မတ်လ ၁၉ ရက်မှာ ကရင်နီ ပူးပေါင်းတပ်က ဘောလခဲ မြို့ရှိ စစ်ကောင်စီ အခြေစိုက်ရာ နေရာအချို့ကို ထိုး စစ် ဆင်ခဲ့​နေရာ မတ်လ ၂၁ ရက်အထိ တိုက်ပွဲ များပြင်းထန်နေကြောင်း၊ ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် မတ်လ ၂၁ ရက်ညပိုင်းမှာ ​ဘော်လခဲတိုက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းရေးသားပြီး ဓါတ်ပုံအချို့ ရေးသားဖော်ပြခဲ့ကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ ကျောက်ဖြူမြို့က တရုတ်စစ်သားတွေ AA ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    AA အဖွဲ့China policyတရုတ်စစ်ကူသတင်းအတုFakenews
    Read Full Article
    Claim :   ကျောက်ဖြူမြို့က တရုတ်စစ်သားတွေ AA ဖမ်းဆီးလိုက်တယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!