BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • Dark shadow အဖွဲ့ဝင်အားလုံး...
      သတင်းအတု

      Dark shadow အဖွဲ့ဝင်အားလုံး ကျဆုံးခဲ့ခြင်းမရှိကြောင်း ပြန်လည်ထုတ်ပြန်

      ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးတဲ့ ဖြစ်စဉ်အတွင်း အဖွဲ့ဝင်အားလုံး ကျဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဆိုပါဖြစ်စဉ်မှာ Dark Shadow အမှန်တကယ် ကျဆုံးခဲ့ခြင်း မရှိကြောင်း ပြန်လည်ထုတ်ပြန်လာပါတယ်။

      By - Boom Live Myanmar | 12 May 2022 3:50 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • Dark shadow အဖွဲ့ဝင်အားလုံး ကျဆုံးခဲ့ခြင်းမရှိကြောင်း ပြန်လည်ထုတ်ပြန်

      Dark Shadow အဖွဲ့ဝင်တွေကို ရန်ကုန်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက အလပ်ချောင်းကျေးရွာထဲမှာ စစ်ကောင်စီက ဧပြီလ ၂၇ နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးမှုကြောင့် အဖွဲဝင်တစ်ဦး နေရာမှာတင် သေဆုံးခဲ့ကြောင်းနဲ့ နောက်တစ်ရက်မှာ ကျန်အဖွဲ့ဝင်အားလုံးကို ရန်ကုန်မြို့ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခဲ့ပြီး ပစ်ခတ်ခံရလို့ အကုန်ကျဆုံးသွားတယ်လို့ ရန်ကုန်က မြို့ပြ ပြောက်ကျားအဖွဲ့အသီးသီးက ထုတ်ပြန်ခဲ့တာပါ။

      မြို့ပြ ပြောက်ကျားအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့အတူ "ရန်ကုန်အဖမ်းခံရတဲ့ အဖွဲ့မှ ကလေးများအားလုံးကျဆုံးကြောင်း၊ အဖမ်းခံရတဲ့ ကလေးတစ်ဦးရဲ့ ဖခင်တစ်ဦးပါ သေဆုံးကြောင်းနဲ့ အလောင်းပြန်ထုတ်ယူခွင့် မပြုကြောင်း" တွေ ပျံ့နှံ့ခဲ့ပါတယ်။

      သတင်းဆန်းစစ်ချက်

      Dark Shadow အဖွဲ့ဝင်အားလုံး ကျဆုံးခြင်း၊ ဖမ်းဆီးခံရခြင်း မရှိကြောင်းနဲ့ စစ်ကောင်စီလက်က လွတ်မြောက်ပြီး Cobra စစ်ကြောင်းမှာ တပ်ဖွဲ့ဝင်တွေအဖြစ် ပါဝင်နေပြီဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ သတင်းတစ်ပုဒ်ကို Support to CDM Myanmar ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၁၁ ရက်နေ့ ညပိုင်းမှာ ဖော်ပြလာပါတယ်။


      သတင်းထဲမှာ Dark Shadow ခေါင်းဆောင်ကိုချမ်းငြိမ်းသူကို ကိုးကားထားပြီး ၎င်းဖြေကြားထားတဲ့အချက်ထဲမှာ "ကျနော်တို့ စစ်သားတွေ ဝင်လာတာတွေ့တယ်။ အဲဒီမှာ ကျနော်တို့က မသင်္ကာလို့ ဖောက်ခွဲရေး ပစ္စည်းတွေကို ရွှေ့နေတုန်း သူတို့ဝင်လာတာတွေ့တော့ ပစ္စည်းတွေ အကုန်ချပြီး ထွက်ပြေးတယ်။ သူတို့က အားလုံးကို သေနတ်နဲ့ လိုက်ပစ်တယ်။ မြောင်းတွေထဲဆင်းပြေး၊ အိမ်သာကျင်းတွေထဲအထိ ဝင်ပုန်းရတယ်။ ကိုယ့်နားက ကျည်တွေ ထွက်သွားတာ ဝီကနဲ ဝီကနဲပဲ။ အဲဒါ ကျနော်တို့ တစ်ဖွဲ့လုံး လွတ်ပါတယ်။ မဆိုင်တဲ့သူတွေတချို့ အဖမ်းခံရတယ်။ အခုကျနော်တို့ အားလုံး လွတ်မြောက်နယ်မြေရောက်ပါပြီ။ Cobra စစ်ကြောင်းမှာပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဆက်ပြီး တော်လှန်တိုက်ခိုက် သွားမှာပါ။ ကျနော်တို့ သေပြီး အဖမ်းခံရပြီဆိုပြီး ဝမ်းနည်းနေတဲ့ ပြည်သူတွေကို အသိပေးချင်တာပါ" လို့ ပြောဆိုတယ်လို့ ဖော်ပြထားပါတယ်။

      အဆိုပါသတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါ့အပြင် ကိုချမ်းငြိမ်းသူက သူ့ရဲ့ ဖေစ့်ဘွတ်အကောင့်မှာလည်း "Dark Shadow(ygn) မြို့ပြပျောက်ကြားအဖွဲ့ ပြန်လာပြီ" လို့ မေလ ၁၁ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။

      ပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      Tags

      Dark ShadowYangon Urban guerrilla groupPDF ၁၅ ဦးရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့Military Coupmilitary forceCobra စစ်ကြောင်းFakenews
      Read Full Article
      Claim :   ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးတဲ့ ဖြစ်စဉ်အတွင်း အဖွဲ့ဝင်အားလုံး ကျဆုံး
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!