BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီခေါင်းဆောင်ကို...
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ကို ရုပ်ရှင်သရုပ်‌ဆောင် ခိုင်သင်းကြည် ဝေဖန်တယ်ဆိုတဲ့ သတင်းအမှား

ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်က သူမခင်ပွန်းသည် အဖမ်းခံလိုက်ရတဲ့အပေါ် စစ်ကောင်စီခေါင်းဆောင်ကို နှစ်ပြားမတန်ပြောဆိုလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 April 2022 8:04 PM IST
  • စစ်ကောင်စီခေါင်းဆောင်ကို ရုပ်ရှင်သရုပ်‌ဆောင် ခိုင်သင်းကြည် ဝေဖန်တယ်ဆိုတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုကို Sertyd ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး တစ်ရက်အတွင်း ပြန်လည်ဖြန့်ဝေမှုပေါင်း သုံးထောင်နှစ်ရာကျော်ရှိနေပါတယ်။ ဖြန့်ဝေရာမှာ "မင်းအောင်လှိုင်ကို ၂ ပြား မတန်အောင် မခိုင်လေး ဒဲ့တွေ ပြောကုန်ပြီ အားရစရာကြီး" လို့ ရေးသားကာ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ သုံးမိနစ်နီးပါးကြာ live video ကို ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေထားတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ သုံးမိနစ်နီးပါးကြာ live video စစ်ဆေးကြည့်ရှု့ရာ စစ်ကောင်စီခေါင်းဆောင်ကို ဝေဖန်ပြောဆိုထားမှုမရှိပဲ သာမန်သူမရဲ့ ပရိတ်သတ်ကို ဖေစ့်ဘွတ်သုံးတာနဲပတ်သတ်ပြီး ပြောဆိုနေမှုသာ ဖြစ်ပါတယ်။

    လတ်တလော သူမရဲ့ ခင်ပွန်းဖမ်းဆီးခံနေရချိန်မှာ တမင်လုပ်ကြံထားတဲ့ သတင်းအမှားတွေနဲ့ ချောက်တွန်းတိုက်ခိုက်နေမှု သာဖြစ်ပါတယ်။

    ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်၏ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကို စစ်တပ်က ဧပြီလ ၂၇ ရက်နေ့ ညပိုင်းမှာ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ စစ်လော်ဘီဟန်ငြိမ်းဦးက ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ကိုခန့်နိုင်ကို စစ်တပ်ဆန့်ကျင်သူအဖြစ် လှုံ့ဆောင်မှုအပြီး ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    Tags

    Actresscriticizes military council leaderစစ်လော်ဘီဟန်ငြိမ်းဦးဖမ်းရန်လှုံ့ဆော်criticizes militaryFake videoFakenews
    Read Full Article
    Claim :   ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်က သူမခင်ပွန်းသည် အဖမ်းခံလိုက်ရတဲ့အပေါ် စစ်ကောင်စီခေါင်းဆောင်ကို နှစ်ပြားမတန်ပြောဆို
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!