BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အိန္ဒြာကျော်ဇင်နဲ့ဝင်းမင်းသန်းတို့...
သတင်းအတု

အိန္ဒြာကျော်ဇင်နဲ့ဝင်းမင်းသန်းတို့ မလွတ်သေးပါ

စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ဝင်းမင်းသန်းတို့ ညတွင်းချင်းလွတ်မြောက်လာတယ်ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2021 7:45 AM IST
  • အိန္ဒြာကျော်ဇင်နဲ့ဝင်းမင်းသန်းတို့ မလွတ်သေးပါ

    ဖြန့်ဝေမှုကို Zaw Zaw ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီခွဲခန့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး "အိန္ဒြာကျော်ဇင်နဲ့ ဝင်းမင်းသန်း ယနေ့ည လွတ်မြောက်သူထဲ မှာ ပါလာတယ်လို့ DVB သတင်း ဌာနက ကြေညာ သွားပါတယ်" လို့ ရေးသား ထားတာပါ။ ဖြန့်ဝေပြီး မကြာမီမှာပဲ ပြန်လည်ဖြန့်ဝေသူ သုံးထောင်ကျော်ရှိလာပြီး ကူးယူဖြန့်ဝေနေတာတွေလည်း ရှိပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းကို ဆန်းစစ်ကြည့်ရာမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ဝင်းမင်းသန်းတို့ လွတ်မြောက်ကြောင်း DVB သတင်းဌာနမှာ ဖော်ပြထားခြင်းမရှိသလို အခြား သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါ့အပြင်ယနေ့လွတ်မြောက်လာသူစာရင်းတွေကို မီဒီယာတချို့မှာဖေါ်ပြထားပေမယ့် အိန္ဒြာကျော်ဇင်နဲ့ ဝင်းမင်းသန်းတို့ပါဝင်လာခြင်းတော့မရှီသေးပါဘူး။

    အနုပညာရှင်တွေအပါအဝင် အကျဉ်းကျနေသူတွေ အမှုပိတ်သိမ်းတာနဲ့ ပါတ်သတ်ပြီး DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်းမှာ "ပြန်လွတ်လာသူတွေထဲမှာ ဘယ်သူတွေပါသလဲ အတိအကျမသိရသေးဘူး" လို့ ရေးသားထားပါတယ်။


    DVB သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ အရေးယူခံထားရတဲ့ အနုပညာရှင် ၂၄ ဦးနဲ့ လူမှုကွန်ရက်မှာ လူသိများသူ (၁၀) ဦးရဲ့ အမှုတွေကို ပိတ်သိမ်းကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ ဘယ်သူဘယ်ဝါတွေ ပါဝင်တယ်ဆိုတဲ့ အမည်စာရင်းကို ဖော်ပြထားခြင်းမရှိပေမယ့် ဧရာဝတီသတင်းဌာနက ရေးသားထားတဲ့ သတင်းထဲမှာတော့ အနုပညာရှင် ၂၄ ဦးရဲ့ အမည်စာရင်းတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


    ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ အထက်ပါအမည်စာရင်းမှာလည်း သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ဝင်းမင်းသန်းတို့ ပါဝင်ခြင်း မရှိတာကို တွေ့ရမှာပါ။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်၊ လူရွှင်တော် ဇာဂနာ နဲ့ မီဒီယာသမားအချို့လည်း ပါဝင်တာ တွေ့ရပါတယ်။

    စစ်ကောင်စီအနေနဲ့ ဇွန်လ ၃၀ ရက် က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကာလအတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ နာမည်ကျော် အနုပညာရှင်များ ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီထဲမှာ အိန္ဒြာကျော်ဇင်ရဲ့တူမဖြစ်သူ သရုပ်ဆောင်မေတိုးခိုင် ၁ ဦး သာ ပြန်လွတ်လာခဲ့ပါတယ်။ လက်ရှီဒီသတင်းကို ဆန်းစစ်ရေးသားတဲ့အချိန် အောက်တိုဘာ ၁၉ ရက်နေ့နံနက်အထိတော့ လွတ်မြောက်လာသူတွေထဲမှာ အိန္ဒြာကျော်ဇင်နဲ့ဝင်းမင်းသန်းတို့ပါဝင်လာခြင်းမရှိသေးပါ။

    Tags

    Fakenewsသရုပ်ဆောင် အိန္ဒြာကျော်ဇင်ဝင်းမင်းသန်းreleased from prisonအကျဉ်းသားစစ်ကောင်စီပုဒ်မ ၅၀၅ (က)Article 505 (a)အမှုပိတ်သိမ်းအမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)NLDNational League for Democracy Party
    Read Full Article
    Claim :   အာဏာသိမ်းမှုကို ဆန္ဒပြတဲ့အတွက် ပြစ်ဒဏ်ကျနေရာမှ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ဝင်းမင်းသန်း တို့ညတွင်းချင်းလွတ်မြောက်လာတဲ့ဆိုတဲ့အကြောင်းအရာဟာ မှားယွင်းနေပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!