BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်သွေးကြွတွေ ရှင်းလင်းဖို့...
သတင်းအတု

စစ်သွေးကြွတွေ ရှင်းလင်းဖို့ ယာယီသမ္မတ ဦးမြင့်ဆွေ ခွင့်ပြုတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေက စစ်သွေးကြွတွေ (တော်လှန်ရေးတပ်ဖွဲ့) ကို ရှင်းလင်းဖို့ ခွင့်ပြုလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 Nov 2023 3:40 PM IST
  • စစ်သွေးကြွတွေ ရှင်းလင်းဖို့ ယာယီသမ္မတ ဦးမြင့်ဆွေ ခွင့်ပြုတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူ Myo Min Soe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် မိနစ် ၂၀ နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ကာလုံအစည်းဝေး၌ စစ်သွေးကြွတွေကို ရှင်းလင်းရန် ယာယီသမ္မတ ဦးမြင့်ဆွေမှ ခွင့်ပြုလိုက်သည်’ လို့ ရေးသား ထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ စစ်တပ်ပိုင် မြဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ပြုလုပ်တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြထားတာပဲ ဖြစ်ပါတယ်။

    စစ်ကောင်စီက ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်မှာ အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

    စစ်ကောင်စီခေါ်ယူတဲ့ ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဦးဟင်နရဗန်ထီးယူနဲ့ ကာလုံမှာပါဝင်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ တက်ရောက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

    ဒီအစည်းအဝေးမှာ စစ်သွေးကြွတွေ (တော်လှန်ရေးတပ်ဖွဲ့) ကို ရှင်းလင်းဖို့ ယာယီသမ္မတ ဦးမြင့်ဆွေ ခွင့်ပြုလိုက်တယ် ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    စစ်တပ်ပိုင် မြဝတီသတင်းဌာနမှာ ဖော်ပြထားချက်အရ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်က အခုလို စွမ်းစွမ်းတမံ မဆောင်ရွက်ခဲ့ပါက တိုင်းပြည်က အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စကို စနစ်တကျ ကိုင်တွယ်သွားရန် လိုကြောင်းနဲ့ တပ်မတော်ကို ထောက်ခံအကူအညီပေးရန် လိုအပ်ကြောင်းတွေ ထည့်သွင်းပြောသွားတယ်လို့ ဖော်ပြထားပါတယ်။

    စစ်တပ်ပိုင် မြဝတီသတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    Tags

    the revolutionairesFakenewsတော်လှန်ရေးသမားကာလုံအစည်းအဝေးစစ်သွေးကြွယာယီသမ္မတ
    Read Full Article
    Claim :   စစ်သွေးကြွတွေ ရှင်းလင်းဖို့ ယာယီသမ္မတ ဦးမြင့်ဆွေ ခွင့်ပြုတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!