BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လေယာဉ်သုံးစီးရကြောင်း AA...
သတင်းအတု

လေယာဉ်သုံးစီးရကြောင်း AA ကြေညာတယ်ဆိုတဲ့ သတင်းအမှား

အာရက္ခတပ်တော် AA က လေယာဉ် ၃ စီးရပြီလို့ ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 March 2025 9:14 PM IST
  • လေယာဉ်သုံးစီးရကြောင်း AA ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အခုပဲ ကြေညာလို့ ဝမ်းသာနေကြပြီဟာ။ လေယာဉ် ၃ စီးရပြီလို့ AA ကြေညာ။ ဒီတိုင်းဆို စစ်တပ် ၁ လ မခံတော့ဘူး' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လေယာဉ်သုံးစီးရကြောင်း AA ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြမထားတဲ့ အာရက္ခတပ်တော် AA က လေယာဉ် ၃ စီးရပြီလို့ ကြေညာတယ်ဆိုပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အပါအဝင် မည်သည့် တော်လှန်ရေးတပ်ဖွဲ့တွင်မှ လေယာဉ်ရှိမနေပါဘူး။

    အာရက္ခတပ်တော် (AA) ဘက်ကလည်း ဒီလိုထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Arakan Armyaircraftစစ်လေယာဉ်သတင်းအတုFakenews
    Read Full Article
    Claim :   လေယာဉ်သုံးစီးရကြောင်း AA ကြေညာတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!