BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • PDF တပ်ဖွဲ့တွေက မိုင်း ၅၀ နဲ့...
      သတင်းအတု

      PDF တပ်ဖွဲ့တွေက မိုင်း ၅၀ နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီစစ်သား ၁၈၀ သေဆုံးဆိုတဲ့ သတင်းအမှား

      ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအလုံး (၅၀) နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်မမှူးနဲ့ စစ်သား (၁၈၀) အပိုင်းပိုင်းပြတ် သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar | 16 March 2023 11:10 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • PDF တပ်ဖွဲ့တွေက မိုင်း ၅၀ နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီစစ်သား ၁၈၀ သေဆုံးဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ The Mercerneries ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ကာဗာပေါ်မှာ ‘အထိနာပြီဟေ့။ PDF က မိုင်းအလုံး (၅၀) ကျွေးထည့်။ တပ်မမှူးနဲ့ စစ်ခွေး (၁၈၀) အပိုင်းပိုင်းပြတ်’ လို့ ရေးသားဖြန့်ဝေထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ မိုင်းအလုံး (၅၀) ကျော်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုဝင် ၂၀ ကျော် သေဆုံးတယ်လို့ ပြောဆိုထားပြီး စစ်ကောင်စီတပ်သား ၁၈၀ အပိုင်းပိုင်းပြတ်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်း မရှိပါဘူး။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ပြုပြင်ပြီး ကြည်ရှု့သူတွေ စိတ်ဝင်စားစေမယ့် အချက်အလက်အမှားတွေ ထည့်သွင်းကာ နောက်ခံစကားပြောနဲ့ ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      မန္တလေးမြို့မြောက်ဘက်ရှိ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ သတင်းကို Myanmar Now သတင်းဌာနမှာ မတ်လ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။

      သတင်းထဲမှာ သပိတ်ကျင်းမြို့နယ် ငတတ်အိုင်ကျေးရွာနှင့် စဉ့်ကူးမြို့နယ် ချောင်းသလဲကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ စဉ့်ကူးပကဖတို့နှင့်အတူ ဒေသခံ PDF အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုင်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းအလုံး ၅၀ ကျော်နဲ့ လက်နက်ကြီး ဗုံးသီးတွေလည်း အသုံးပြုခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်က အနည်းဆုံး ၇ ယောက် သေဆုံးပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

      Myanmar Now သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Click baitsမိုင်းအလုံး (၅၀)Fake NewsMilitary Council
      Read Full Article
      Claim :   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းအလုံး (၅၀) နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်မမှူးနဲ့ စစ်သား (၁၈၀) အပိုင်းပိုင်းပြတ် သေဆုံးတယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!