BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အမြန်လမ်းမှာ ရဲအင်အား ၁ သိန်း...
သတင်းအတု

အမြန်လမ်းမှာ ရဲအင်အား ၁ သိန်း လုံခြုံရေးချထားတယ်ဆိုတဲ့ သတင်းအမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေ မလှုပ်ရှားနိုင်အောင် အမြန်လမ်းမှာ ရဲတပ်ဖွဲ့အင်အား ၁ သိန်း ချထားလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  24 July 2023 6:20 AM IST
  • အမြန်လမ်းမှာ ရဲအင်အား ၁ သိန်း လုံခြုံရေးချထားတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ Strange TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ဝေပြီး ၂၄ နာရီမပြည့်မီ ထပ်ဆင့်ဖြန့်ဝေမှု ခြောက်ရာကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ‘PDF တွေ လှုပ်မရအောင် အမြန်လမ်းမှာ ရဲအင်အား ၁ သိန်း ချထား လိုက်ပြီဟု ကျော်မျိုးမင်း သတိပေး။ PDF တွေ တက်မလာရဲအောင် စကစဘက်က အမြန်လမ်းမှာ ရဲအင်အား ၁ သိန်းချထားပြီ’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘PDF တွေ တက်မလာရဲအောင် စကစဘက်က အမြန်လမ်းမှာ ရဲအင်အား ၁ သိန်းချထားပြီ’ ဆိုတဲ့ အကြောင်း အရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ စစ်ကောင်စီရဲ့ ကောင်းကြောင်းတွေပြောကာ စကစကို တော်လှန်နေသူတွေအပေါ် ဖေစ့်ဘွတ်ပေါ်ကနေ live လွှင့် ဝေဖန်ပြောဆိုလေ့ရှိတဲ့ ကျော်မျိုးမင်း ဆိုသူရဲ့ ဖေစ့်ဘွတ် live ကို ကူးယူဖြန့်ဝေထားတာပါ။

    သူ့ရဲ့ live ထဲမှာ ရန်ကုန်- နေပြည်တော် အမြန်လမ်းနေရာတွေမှာ ရဲတပ်ဖွဲ့အများအပြားကို တွေ့ရကြောင်း၊ တံတားတွေ လမ်းတွေကို မိုင်းခွဲမှာ စိုးလို့စောင့်ပေးနေတာဖြစ်ကြောင်း၊ ဒီလိုစောင့်ပေးတဲ့အတွက် ကျေးဇူးတင်သင့်ကြောင်းနဲ့ သူ့ပြောလေ့ရှိတဲ့ စစ်ကောင်စီ ကောင်းသတင်းတွေအပြင် တော်လှန်ရေးအဖွဲ့တွေကို အပြစ်တင်ကြောင်းတွေ ပြောဆိုထားတာပါ။

    သူ့ရဲ့ပြောဆိုမှုတွေဟာ မှန်းချက်နဲ့ ပြောဆိုထားသာတာ ဖြစ်တဲ့အပြင် ရဲအင်အား ၁ သိန်းချထားတယ်ဆိုတာလည်း မပြောထားပါဘူး။

    ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ မီဒီယာတွေမှာ ဖော်ပြထားချက်အရ ခရိုင်(၄၆)ခုမှာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး(၄၆)ရုံးကို ရဲတပ်ဖွဲ့ဝင်အင်အား (၇၆ဝဝ)ကျော်ဖြင့် တိုးချဲ့ဖွဲ့စည်းမယ်လို့ ဖော်ပြထားပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးရုံးထုတ်ပြန်ချက်အရ တိုးချဲ့ဖွဲ့စည်းပြီးပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အရာထမ်းရာထူး ရဲတပ်ဖွဲ့ဝင် ၅၆၁၇ ဦး၊ အမှုထမ်းရာထူး ရဲတပ်ဖွဲ့ဝင် ၁၈၃၂၁၇ ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၁၈၈၈၃၄ ဦး ရှိလာမယ်လို့ ဆိုထားပါတယ်။

    ဒါပေမယ့် လက်တွေ့မြေပြင်မှာ ရဲတပ်ဖွဲ့ဟာ ဖွဲ့စည်းပုံအပြည့်အတိုင်းတောင် မခန့်ထားနိုင်တဲ့အကြောင်း ရုဲအရာရှိတစ်ဦးရဲ့ ပြောဆိုမှုကို ဘီဘီစီသတင်းဌာနမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၄ ရက်က ဖော်ပြထားပါတယ်။


    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    စစ်ကောင်စီရဲ့ မီဒီယာတွေကိုယ်တိုင် ရဲအင်အား တစ်သိန်းရှစ်သောင်းကျော်သာ ရှိတဲ့အကြောင်း ဖော်ပြနေချိန်မှာ ရဲအင်အား ၁ သိန်းကျော်က အမြန်လမ်း တစ်နေရာတည်းမှာ လုံခြုံရေးယူမယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ မဖြစ်နိုင်တဲ့ သတင်းအမှားတွေသာ ဖြစ်ကြောင်း သိသာပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲအင်အားPDFအမြန်လမ်းexpresswayFakenews
    Read Full Article
    Claim :   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေ မလှုပ်ရှားနိုင်အောင် အမြန်လမ်းမှာ ရဲတပ်ဖွဲ့အင်အား ၁ သိန်း ချထားလိုက်ပြီလို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!