BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထိုင်းက မြန်မာစစ်ကောင်စီရဲ့...
သတင်းအတု

ထိုင်းက မြန်မာစစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချပြီး စစ်ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းတော်ဝင်လေတပ်က စစ်ကောင်စီရဲ့ ရုရှားထုတ် MIG 29 လေယာဉ်ကို မြဝတီအနီးမှာ ပစ်ချခဲ့ပြီး စစ်ကြေငြာလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Jun 2024 7:17 AM IST
  • ထိုင်းက မြန်မာစစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချပြီး စစ်ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းက စစ်ကြေငြာပြီ။ ရုရှားထုတ် MIG 29 ပစ်ချလိုက်ပြီ။ ထိုင်းတော်ဝင်လေတပ်မှ မြဝတီအနားပစ်ချ။ မင်းအောင်လှိုင်ကို ဆင့်ခေါ်သတိပေး' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းက မြန်မာစစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချပြီး စစ်ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Pressphoto Agency သတင်းဌာနမှာ ဇွန်လ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီ အဆုံးသတ်ရေး အားလုံး လက်တွဲဆောင်ရွက်ရန် ဝင်းနိမ္မိတာရုံဆရာတော်၏ တပည့်များ ထုတ်ပြန်ချက်မှာ အစစ်အမှန် ဖြစ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ ထိုင်းနိုင်ငံက စစ်ကြေငြာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    Myanmar Pressphoto Agency သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Thailand has declared warထိုင်းက စစ်ကြေငြာထိုင်းတော်ဝင်လေတပ်လေယာဉ်ပစ်ချFakenewsသတင်းအမှား
    Read Full Article
    Claim :   ထိုင်းက စစ်ကြေငြာတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!