BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စာတစ်စောင်နဲ့ သောမတ်စ်အက်ဒီဆင်...
      သတင်းအတု

      စာတစ်စောင်နဲ့ သောမတ်စ်အက်ဒီဆင် ဇာတ်လမ်းက တကယ်မဟုတ်ပါ

      အမေရိကန် တီထွင်သူ သိပ္ပံပညာရှင် သောမတ်စ်အက်ဒီဆင်ရဲ့ မိခင်ဟာ သူ့မရဲ့သားကို ကျောင်းက “စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု” ကြောင့် ကျောင်းမှထုတ်ပယ်ခံရကြောင်း အသိပေးစာပါ အကြောင်းအရာတွေကို အမှန်အတိုင်းမပြောပဲ သားအတွက် လိမ်ညာဖုံးကွယ် ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေလေ့ရှိတဲ့ရင်နင့်ဖွယ် ဇာတ်လမ်းဆန်ဆန်အကြောင်းအရာဟာ အမှန်တကယ်မဟုတ်ပါဘူး။

      By - Boom Live Myanmar |
      Published -  14 Jun 2023 4:00 PM IST
    • စာတစ်စောင်နဲ့ သောမတ်စ်အက်ဒီဆင် ဇာတ်လမ်းက တကယ်မဟုတ်ပါ

      ဒီအကြောင်းအရာကိုတော့ လူမှုမီဒီယာတွေပေါ်မှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး ဖြန့်နေတာဖြစ်ပြီး နှစ်စဉ် အမေများနေ့လို မိဘနဲ့ ပက်သတ်တဲ့ နေ့တွေမှာ ထပ်တလဲလဲ ပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ ‘သောမတ်စ်အက်ဒီဆင်ဟာ ကျောင်းစနေပြီး တစ်လအကြာ တစ်ရက်မှာ ကျောင်းကပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြပြီး ဖတ်ခိုင်းခဲ့ကြောင်း၊ သူ့အမေက စာကိုဖတ်ကြည့်ပြီး သူမသားဟာ အလွန်ဉာဏ်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်တဲ့အတွက် ကျောင်းကဆရာတွေက သူ့ကို မသင်နိုင်တော့ကြောင်း ပြောတဲ့အတွက် သူ့အမေကပဲ တာဝန်ယူ သင်ပေးတော့မှာ ဖြစ်ကြောင်း၊ သူ့အမေ ကွယ်လွန်ချိန်မှာ အက်ဒီဆင်က သေတ္တာတစ်လုံးသိမ်းထားတဲ့ အဆိုပါစာကို ဖတ်မိရာ စာထဲမှာ သူ့ကို ဉာဏ်ရည်နိမ့်ပါးတဲ့ သူဖြစ်လို့ ကျောင်းက ထုတ်ပယ်လိုက်တဲ့ စာဖြစ်တယ်ဆိုတာ သိရှိသွားကြောင်း၊ သူ့အမေဟာ သူ့ကို ဒီအကြောင်းအရာကို ဖုံးကွယ်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်အောင် လုပ်ပေးခဲ့တာဖြစ်ကြောင်းနဲ့ မိဘတွေ အနေနဲ့ ကလေးတွေရဲ့ အနာဂတ်ကို ပြောင်းလဲပေးလို့ ရတယ်ဆိုတာ သိထားစေချင်ကြောင်း’ တွေ ရေးသားထားတာပါ။

      မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      တကယ်တော့ အမေတွေနဲ့ ပက်သက်ပြီး ခွန်အားဖြစ်စေအောင် ရေးသားထားတဲ့ ဒီအကြောင်းအရာကို နိုင်ငံတကာက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာလည်း လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက ဖြန့်ဝေနေကြပြီး အငြင်းအခုန်တွေလည်း ဖြစ်ခဲ့ပါတယ်။


      အထက်ပါ အကြောင်းအရာကို မြန်မာ ဘာသာပြန်ပြီး ဖေစ့်ဘွတ်ပေါ်မှာ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

      သတင်းဆန်းစစ်ချက်

      U.S. Library of Congress မှာ ဖော်ပြထားတဲ့ အက်ဒီဆင်ရဲ့ အတ္ထုပ္ပတ္တိအရ သောမတ်အယ်ဒီဆင်ကို ကျောင်းမှာ ‘ဉာဏ်ရည်နိမ့်ပါးသူ’ လို့ သတ်မှတ်ခံခဲ့ရတာနဲ့ သူဟာကျောင်းကို လအနည်းငယ်သာ တက်ခဲ့ရပြီး နောက်ပိုင်းမှာ မိခင်က ဆက်လက် ပညာသင်ပေးခဲ့တယ်ဆိုတဲ့ အချက်တွေဟာ မှန်ကန်ပါတယ်။

      ဒါပေမယ့် ခုဖြန့်ဝေနေတဲ့ အက်ဒီဆင်မိခင်က စာတစောင် လက်ခံရရှိပြီး စာထဲပါအကြောင်းတွေကို သူ့သားအတွက် ဖုံးကွယ်ခဲ့တယ် ဆိုတဲ့ အချက်တွေဟာ ဘာအထောက်အထားမှ မရှိပဲ လုပ်ကြံရေးသားထားတဲ့ အကြောင်းအရာသာ ဖြစ်တယ်လို့ သတင်းအမှားတွေ ဖော်ထုတ်ရေးသားနေတဲ့ Snopes သတင်းဌာနမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ ကတည်းက ဖော်ပြထားပြီး ဖြစ်ပါတယ်။

      အက်ဒီဆင်ရဲ့ ရှားရှားပါးပါးလို့ ဆိုရမယ့် အင်တာဗျူးတစ်ခုကို T.P's Weekly လို့ခေါ်တဲ့ သတင်းစာတစ်စောင်မှာ ၁၉၀၇ ခုနှစ် နိုဝင်ဘာ ၂၉ မှာ ဖော်ပြထားတာ ရှိပါတယ်။ ဒီအင်တာဗျူးထဲမှာ ကျောင်းက ဘာကြောင့် ထွက်ခဲ့တယ်ဆိုတာနဲ့ ပက်သက်ပြီး သူပြောခဲ့တဲ့ အကြောင်းတွေဟာ အခုဖြန့်ဝေနေတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေရဲ့ အရင်းခံဖြစ်မယ်လို့ ယုံကြည်ရပါတယ်။


      အင်တာဗျူးထဲမှာ အက်ဒီဆင်က ‘တနေ့မှာ ဆရာက စစ်ဆေးရေးမှူးကို သူဉာဏ်ရည်နိမ့်ပါးတဲ့ အတွက် ကျောင်းဆက်တက်ဘို့ အဆင်မပြေဘူး ဆိုတဲ့အကြောင်းပြောနေတာ ကြားခဲ့ကြောင်း၊ သူဟာ ဒီစကားကြောင့် နာကျင်ခဲ့ပြီး ငိုယိုကာ အိမ်ပြန်ပြီး သူ့အမေကို ပြောခဲ့ကြောင်း၊ ဒီမှာ မိခင်ကောင်းဆိုတာ ဘာလဲ သူသိရှိခဲ့ရကြောင်း၊ သူရဲ့ မိခင်ဟာ သူနောက်မှာ မားမားမတ်မတ် ရပ်ခဲ့ကြောင်း၊ သူမဟာ သူ့ကို ကျောင်းကို ပြန်ခေါ်လာပြီး ဆရာကို ဒေါကြီးမောကြီးနဲ့ သူ့သားဟာ ဆရာထက် ဉာဏ်ပိုကောင်းတယ်ဆိုပြီး ပြောဆိုခဲ့ကြောင်း’ တွေ ဖော်ပြထားပါတယ်။

      T.P's Weekly သတင်းစာမှာ ဖော်ပြထားတဲ့ အက်ဒီဆင်ရဲ့ အင်တာဗျူးကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ ဒါကြောင့် အက်ဒီဆင်ကို ကျောင်းက ထုတ်ပယ်စာပေးလိုက်ပြီး ဒီစာကို သူ့မိခင်က ဖုံးကွယ်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ အချက်အလက်မှားတွေပဲ ဖြစ်ပါတယ်။

      Snopes သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့ သတင်းဆန်းစစ်ချက် အပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      U.S. Library of Congress မှာ ဖော်ပြထားတဲ့ အက်ဒီဆင်ရဲ့ အတ္ထုပ္ပတ္တိထဲမှာတော့ သောမတ်အက်ဒီဆင်ကို ၁၈၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် မီလန်မှာ မွေးဖွားခဲ့ပါတယ်။ အက်ဒီဆင် ၇ နှစ်သား အရွယ်မှာ သူတို့မိသားစုဟာ မစ်ရှီဂန်ပြည်နယ်၊ ဟူရွန်ဆိပ်ကမ်း Port Huron သို့ပြောင်းရွှေ့ခဲ့ ပါတယ်။ လအနည်းငယ်သာ စာသင်ကျောင်းမှာ စာသင်ခဲ့ရပြီး အဆင်မပြေတဲ့အတွက် မိခင်က နေအိမ်မှာပဲ စာသင်ပေးခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကပင် အလုပ်လုပ်ခဲ့တာဖြစ်ပြီး အသက် ၁၃ နှစ်ကစပြီး ရထားလမ်းဘေးမှာ သတင်းစာနဲ့ သကြားလုံးရောင်းတဲ့ လူငယ်တစ်ဦးဖြစ်လာပါတယ်။ အားတဲ့အချိန်တွေမှာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စာအုပ်တွေ ဖတ်နေပုံရပြီး အသက် ၁၆ နှစ်မှာ ကြေးနန်းရိုက်နည်းကို လေ့လာခွင့်ရခဲ့ပြီး ကြေးနန်းရိုက်သူအဖြစ် စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

      ဒီနောက်ပိုင်း အကြောင်းအရာတွေကတော့ သူ့ရဲ့ တီထွင်မှု အကြောင်းတွေ ဆက်လက်ရေးသားထားပါတယ်။

      U.S. Library of Congress မှာ ဖော်ပြထားတဲ့ အက်ဒီဆင်ရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

      Tags

      mental deficienciesThomas Edison’s Mother Lieaddledအက်ဒီဆင်EdisonMotivationFakenewsတီထွင်သူသိပ္ပံပညာရှင်
      Read Full Article
      Claim :   သောမတ်စ်အက်ဒီဆင်ရဲ့ မိခင်ဟာ သူ့မရဲ့သားကို ကျောင်းက “စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု” ကြောင့် ကျောင်းမှထုတ်ပယ်ခံရကြောင်း အသိပေးစာပါ အကြောင်းအရာတွေကို အမှန်အတိုင်းမပြောပဲ သားအတွက် လိမ်ညာဖုံးကွယ် ခဲ့တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!