မာရှယ်လောက ကြေငြာချက် ဘာတွေပြောင်းလဲထားသလဲ

စစ်တပ်ပိုင် မြဝတီသတင်းဌာနမှာ မာရှယ်လော ၈နာရီ သတ်မှတ်လိုက်တဲ့ မြို့နယ်တွေ ကြေညာသွားတယ်ဆိုပြီး သတင်းဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး မြို့နယ်အများစုက စားသောက်ဆိုင်နဲ့ စျေးဆိုင်တွေလည်း ပုံမှန်ချိန်ထက် စောပြီး ပိတ်သိမ်းတာတွေ ရှိနေပါတယ်။

ဖြန့်ဝေရာမှာ "မြ၀တီမှာ ကြေညာသွားတဲ့ မာရှယ်လော ၈နာရီ သတ်မှတ်လိုက်တဲ့ မြို့နယ်များ" လို့ ရေးသားကာ လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ ရန်ကင်း၊ စမ်းချောင်း၊ မဂ်လာတောင်ညွန့်၊ မြောက်ဥက္ကလာနဲ့ ရွှေဂုံတိုင်မြို့နယ်တွေ ပါဝင်တယ်ဆိုပြီး ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းဟာ သတင်းအမှားဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်က ကြေညာထားတာမျိုး မရှိဘူးလို့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။


အခုဖြန့်ဝေနေတဲ့ ညမထွက်ရ အချိန်ကို ည ၈ နာရီကို ပြန်တိုးမြှင့်လိုက်တယ် ဆိုတဲ့သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်းနဲ့ မူလအတိုင်း ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်းသာ ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်ဆိုပြီး ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဘီဘီစီသတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Claim :   စစ်တပ်ပိုင် မြဝတီသတင်းဌာနမှာ မာရှယ်လော ၈နာရီ သတ်မှတ်လိုက်တဲ့ မြို့နယ်တွေ ကြေညာ
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.