BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်တပ်ရဲ့လုပ်ရပ်တွေကို သဘောမကျလို့...
သတင်းအတု

စစ်တပ်ရဲ့လုပ်ရပ်တွေကို သဘောမကျလို့ နှုတ်ထွက်မယ်လို့ စိုးဝင်းပြောတယ်ဆိုတဲ့ သတင်းအမှား

လက်ရှိစစ်တပ်ရဲ့ လုပ်ရပ်တွေ သဘောမကျဘူးလို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ပြောဆိုကာ နှုတ်ထွက်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  27 Feb 2023 10:35 AM IST
  • စစ်တပ်ရဲ့လုပ်ရပ်တွေကို သဘောမကျလို့ နှုတ်ထွက်မယ်လို့ စိုးဝင်းပြောတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ A Sone Thi ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၄ ရက် ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘လက်ရှိ စစ်တပ်ကိုလုပ်ရပ် သဘောမကျဘူးလို့ စိုးဝင်းပြောဆို၊ နှုတ်ထွက်ရန် အဆင်သင့်ဟုဆို’ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖြန့်ဝေထားတာပါ.။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်တပ်ရဲ့လုပ်ရပ်တွေကို သဘောမကျလို့ နှုတ်ထွက်မယ်ဆိုပြီး စိုးဝင်းပြောတယ်ဆိုတဲ့ အကြောင်းအရကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဗွီဒီယိုထဲမှာ အခြားသတင်းဌာနက သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပက်သက်ပြီး စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမယ်၊ စိုးဝင်းက အာဏာလွှဲအပ်မယ်၊ စိုးဝင်းက နှုတ်ထွက်မယ်၊ စိုးဝင်းက ဖမ်းဆီးခံ အရပ်သား ခေါင်းဆောင်တွေကို လွှတ်ပေးမယ် စတဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းတွေ မကြာခနဖြန့်ဝေနေတာ တွေ့ရပါတယ်။

    အချို့နိုင်ငံရေး သုံးသပ်သူတွေ မကြာခနပြောဆိုနေတဲ့ စိုးဝင်းဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူ လုပ်နေတဲ့အမှားတွေအတွက် ထုတ်ပယ်ပစ်လိမ့်မယ်ဆိုပြီး စိတ်ကူးယဉ်ချင်ရင် ဒါဟာ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဝေဖန်ထောက်ပြဖူးပါတယ်။


    ဆောင်းပါးထဲမှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မှ ရုရှားကို ခရီးရှည် နှစ်ကြိမ်သွားရောက်ခဲ့ပြီး စိုးဝင်းအပေါ် ယုံကြည်ကြောင်း ပြသခဲ့ကြောင်း၊ ဒီခရီးစဉ်တွေအတွင်း အချို့သူတေွ ထင်နေသလို အာဏာသိမ်းမှု ဖြစ်ပွားတာ မရှိခဲ့ကြောင်း၊ စိုးဝင်းဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြို့ပြ ပြောက်ကျား လက်နက်ကိုင်အဖွဲ့အားလုံးကို ထိုးစစ်ဆင်တဲ့ အဓိက တာဝန်ရှိသူဖြစ်ကြောင်း၊ စိုးဝင်းဟာ ယခုဖြစ်ပေါ်နေတဲ့ အရပ်သား သတ်ဖြတ်ခံရမှုတွေနဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေပေါ် ပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေရဲ့ အဓိက တာဝန်ရှိသူဖြစ်ကြောင်း ရေးသားထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခြေအနေကို နာမလည်သူတွေအနေနဲ့ စိုးဝင်းသည် ဖြုတ်ချခံ NLD အစိုးရကို အာဏာ ပြန်လည်ပေးအပ်မယ်၊ ရာထူးက နှုတ်ထွက်မယ်၊ မင်းအောင်လှိုင်ဆီက အာဏာပြန်သိမ်းမယ်လို့ ထင်နေတဲ့ အတွေးတွေကို စွန့်လွှတ်ဖို့ အချိန်ရောက်ပြီလို့ ဆိုထားပါတယ်။

    Tags

    NLDစစ်ကောင်စီစိုးဝင်းတိုင်းရင်းသား လက်နက်ကိုင်ဒုတပ်ချုပ်ပြည်သူ့ကာကွယ်ရေးတပ်မင်းအောင်လှိုင်အာဏာသိမ်းမှုFakenewsMilitary Coup
    Read Full Article
    Claim :   လက်ရှိစစ်တပ်ရဲ့ လုပ်ရပ်တွေ သဘောမကျဘူးလို့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ပြောဆိုကာ နှုတ်ထွက်ဘို့ အဆင်သင့်ဖြစ်နေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!