BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နဂါးမြွေမျိုးစိတ်ဆိုပြီး...
သတင်းအတု

နဂါးမြွေမျိုးစိတ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ငလျင်လှုပ်ပြီးမှ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာတဲ့ နဂါးမြွေမျိုးစိတ်ဆိုပြီး ဦးခေါင်းမှာ အမောက်ပါတဲ့ မြွေတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 April 2025 6:04 PM IST
  • နဂါးမြွေမျိုးစိတ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို La Myint Myint ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၉ ရက်နေ့စတင်ဖြန့်ဝေထားတာဖြစ်ပြီး ကြည့်ရှု့သူ တစ်သန်းခွဲကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဦးခေါင်းမှာ အမောက်ပါတဲ့ မြွေတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ငလျှင်လှုပ်ပီးကတဲက မြန်မာပြည်မာ မြွေတွေထွက်ပေါ်လာတာက။ ငလျင်လှုပ်ပြီးမှ မြန်မာပြည်မှာ ပေါ်ထွက်လာတဲ့ နဂါးမြွေမျိုးစိတ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်မှာ ငလျင်အကြီးအကျယ် လှုပ်ခတ်ပြီးနောက် အမောက်ပါတဲ့ မြွေတွေ ဘုရားပေါ်လျှောက်သွားနေတယ်လို့ ရုပ်သံမှတ်တမ်းတစ်ခုအရ သိရပါတယ်။ မှတ်တမ်းအရ ငလျင်လှုပ်ပြီးပြီးချင်းမှာ ဘုရားစောင်းတန်းပေါ်ကို မြွေစိမ်းတစ်ကောင် တက်လာတာဖြစ်ပြီး ထူးဆန်းစွာနဲ့ပဲ ဦးခေါင်းမှာ အမောက်ပါလို့နေတာပါ' ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ငလျင်လှုပ်ပြီးမှ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာတဲ့ နဂါးမြွေမျိုးစိတ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ like နဲ့ ဖော်လိုဝါတွေ ရဖို့ တမင်လုပ်ကြံဖန်တီးဖြန့်ဝေနေတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ထိုင်းနိုင်ငံက လူမှုမီဒီယာ သုံးစွဲသူတွေကြားမှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။

    ထိုင်းမှာလည်း အချို့က မြွေနဂါးဆိုပြီး ယုံကြည်ပူဇော်နေသူတွေလည်း ရှိပါတယ်။ အောက်ပါပုံဟာ ထိုင်းနိုင်ငံရဲ့ လူမှုမီဒီယာ တွေပေါ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်တွေ ဖြစ်ပါတယ်။


    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီမြွေမျိုးစိတ်ဟာ လင်းစိမ်းမျိုးနွယ် Rhinoceros ratsnake၊ Vietnamese longnose snake

    (Gonyosoma boulengeri) ဖြစ်တယ်လို့ မြန်မာ့ဇီဝမျိုးစိတ်တွေ အမျိုးအစားခွဲခြားပေးနေတဲ့ Native Species Conservation and Identification in Myanmar မှာ ဖော်ပြထားပါတယ်။

    ဒီဖေစ့်ဘွတ်ဂရုက ပညာရှင်တွေရဲ့ ဖော်ပြချက်အရ ဒီမြွေဟာ မြန်မာ့မျိုးရင်းစိတ်မဟုတ်ကြောင်းနဲ့ အဆိပ်မရှိ၊ အန္တရာယ် မရှိဘူးလို့ ပြောဆိုထားပါတယ်။

    NSCI Myanmar ရဲ့ ဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ခုဖြန့်ဝေနေတဲ့ ငလျင်လှုပ်ပြီးမှ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာတဲ့ နဂါးမြွေမျိုးစိတ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    Tags

    snakes in Myanmarsnake dragonearthquakeမြွေနဂါးအဆိပ်မရှိမြွေသတင်းအမှားFakenewsVideo အဟောင်း
    Read Full Article
    Claim :   ငလျင်လှုပ်ပြီးနောက် မြန်မာနိုင်ငံမှာ နဂါးမြွေမျိုးစိတ် ပေါ်ထွက်လာတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!