BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ၇၅ ရက်အတွင်း စစ်ကောင်စီ...
      သတင်းအတု

      ၇၅ ရက်အတွင်း စစ်ကောင်စီ ကျရှုံးမယ်လို့ မိုင်းဖုန်းဆရာတော်ဟောထားသလား

      စစ်ကောင်စီကို ၇၅ ရက်အတွင်း ကျရှုံးမယ်လို့ မိုင်းဖုန်းဆရာတော်က အတိအကျ ဟောကိန်းထုတ်လိုက်တယ်ဆိုတဲ့အကြောင်းအရာတွေ ဒီရက်ပိုင်းထဲပျံ့နှံ့လာပါတယ်။

      By - Boom Live Myanmar |
      Published -  12 Aug 2022 7:57 AM IST
    • ၇၅ ရက်အတွင်း စစ်ကောင်စီ ကျရှုံးမယ်လို့ မိုင်းဖုန်းဆရာတော်ဟောထားသလား

      ဒီအကြောင်းအရာကို သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတဲ့ New Update ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ Jin Reach ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ ဩဂုတ်လ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့ဖြစ်ပြီး ကူးယူဖြန့်ဝေမှုအများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ 'စစ်ကောင်စီ ၇၅ ရက်အတွင်း ကျရှုံးမယ်ဟု အတည်အကျဟောပြီ' လို့ရေးသားကာ ၉ မိနစ်နီးပါးကြာမြင့်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ဖြန့်ဝေထားတာပါ။ ဗွီဒီယိုဖိုင်ခေါင်းစဉ်မှာတော့ 'မြန်မာပြည်ရဲ့ အနာဂတ်ကို ဟောကိန်းထုတ်လိုက်တဲ့ မိုင်ဖုန်းဆရာတော်။ အာဏာရှင် (၇၅) ရက်အတွင်း ပြုတ်မည်' လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ ဒါ့အပြင် ဒီဖေစ့်ဘွတ်ပေချ့်တွေမှာပဲ ဩဂုတ်လ ၆ ရက်နေ့မှာ 'မိုင်းဖုန်းဆရာတော် ကမ္ဘာပျက်ကိန်းဟော' ဆိုပြီး ဖြန့်ဝေခဲ့သလို ဩဂုတ်လ ၁၀ ရက်နေ့မှာလည်း 'မိုင်းဖုန်းဆရာတော်ကို ၅၀၅ က နဲ့ ဖမ်းဆီပြီ' ဆိုပြီး ထပ်မံဖြန့်ဝေထားပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      မိုင်းဖုန်းဆရာတော် ဒီလိုဟောထားတယ်ဆိုတာကို ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာမျိုးမရှိသလို ဒီလိုဟောထားတယ်ဆိုတဲ့ အထောက်အထားမရှီသလို သူ့ရဲ့အနီးအနားက တပည့်ဒါယကာတွေလည်းပြောဆိုဖြန့်ဝေထားတာမျိုးမရှိပါဘူး။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှတေ့ာ မိုင်းဖုန်းဆရာတော်ပုံကိုအသုံး‌ပြုထားပြီး လူတစ်ဦး စကားပြောနေတဲ့နောက်ခံအသံကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

      နောက်ခံစကား‌ပြောထဲမှာတော့ာ 'ကျွန်တော်တို့ ပြည်သူတွေကို ပြောချင်တာက ကျွန်တော်တို့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ။ ကျွန်တော်တို့ စစ်မိစ္ဆာကို တိုက်မှအောင်မယ်။ ဥပမာ ခနလိုမျိုး ကံကြမာတွေကိုကကျတော့ မိုင်းဖုန်းဆရာတော်ကြီးက ကျွန်တော်တို့ မြန်မာပြည်ကို ကံကြမ္မာဆိုးတွေပေါ့နော်။ ဥပမာ ရေကြီးခြင်းတို့၊ မီးလောင်ခြင်းတို့ အဲ့ဒါတွေက လာဦးမှာ။ တချိန်တုန်းကလည်း အာဏာကို လွှဲပေးခဲ့တုန်းက ဦးဆန်းယုဆီက ဦးနေဝင်းက ရယူတဲ့အခါမှာ' လို့ အစချီပြောဆိုကာ စစ်တပ်အာဏာသိမ်းတဲ့အကြောင်းကို ယခင်ဦးနေဝင်း အစိုးရလက်ထက်က အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြောဆိုနေတာပါ။ဒါဟာ Video ပါခေါင်းစဉ်နဲ့ မသက်ဆိုင်တဲ့ တခြား Video တစ်ခုက အသံကို နောက်ခံအသုံးပြုထားတာမျိုးလို့ ယူဆနိုင်ပါတယ်။

      အလားတူ အခုဖြန့်ဝေနေသလို 'စစ်ကောင်စီကို ၇၅ ရက်အတွင်း ကျရှုံးမယ်' လို့ ဟောထားတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။နောက်ထပ်ဖြန့်ဝေနေတဲ့ မိုင်းဖုန်းဆရာတော်ကို ၅၀၅ က နဲ့ ဖမ်းဆီးထားတယ်ဆိုတဲ့ အကြောင်းအရာဟာလည်း သတင်းအမှားပဲ ဖြစ်ပါတယ်။လက်ရှိမှာ မိုင်းဖုန်းဆရာတော်အနေနဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေတာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မိုင်းဖုန်းဆရာတော်ဟာ သြဂုတ်လ (၈) ရက်နေ့က ကျိုင်းတောင်ကနေ နမ့်စန်မြို့ကို ထွက်ခွာပြီးနောက်မှာ မိုင်းဖုန်းကို မနားပဲ ခရီးထွက်ခဲ့တဲ့အတွက် အားနည်းပြီး နေမကောင်းဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

      မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၊ ဖန်ဖုကျေးရွာအုပ်စု၊ မိုင်းကျက်ဂူထဲမှာ အချိန် ၃ နှစ်၊ ၃ လ၊ ၃ ရက်တာ တရားအားထုတ်နေခဲ့ပြီး၊ ဩဂုတ် ၁ ရက်ပိုင်းမှာ ဂူထဲကနေ ပြန်လည်ထွက်ခဲ့တာ ဖြစ်ပါတယ်။

      Tags

      ၇၅ ရက်အတွင်း ကျရှုံးMine Phone Sayardaw predictedfail within 75 daysMine Phone Sayardawမိုင်းဖုန်းဆရာတော်
      Read Full Article
      Claim :   စစ်ကောင်စီကို ၇၅ ရက်အတွင်း ကျရှုံးမယ်လို့ မိုင်းဖုန်းဆရာတော်က အတည်အကျ ဟောကိန်းထုတ်
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!