BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဇူကာဘတ်နဲ့ သတင်းအမှားတွေ...
သတင်းအတု

ဇူကာဘတ်နဲ့ သတင်းအမှားတွေ ထပ်မံဖြန့်ဝေလာ

ဖေ့စ်ဘွတ် အမှုဆောင် အရာရှိချုပ် မာ့က် ဇူကာဘတ်က သူ့မိန်းမကို "ကျွန်တော့်မိန်းမ မလှမပတရုတ်မ" လို့ ပြောဆိုထားတယ်ဆိုပြီး သူ့ရဲ့ အိမ်ထောင်ဖက် ရွေးချယ်တာနဲ့ ပက်သတ်တဲ့ ချဲ့ကားပြောဆိုထားမှုတွေကို ဖြန့်ဝေနေတာပါ။

By - Boom Live Myanmar |
Published -  10 March 2024 9:31 AM IST
  • ဇူကာဘတ်နဲ့ သတင်းအမှားတွေ ထပ်မံဖြန့်ဝေလာ

    ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဒီရက်ပိုင်းမှာ ထပ်မံဖြန့်ဝေလာကြာဖြစ်ပါတယ်။

    စတင်ဖြန့်ဝေမှုမှာ အင်္ဂလိပ်ဘာသာစကးနဲ့ ဖြန့်ဝေခဲ့ပေမယ့် နောက်ပိုင်းမှာ မြန်မာအင်တာနက် အသုံးပြုသူတွေက ဘာသာပြန်ဆိုပြီး မြန်မာ- အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေရာမှာ မာ့က် ဇူကာဘတ်နဲ့ သူ့ရဲ့မိန်းမပုံတွေကို အသုံးပြုပြီး 'တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မတစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။ ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်' စသဖြင့် ဇူကာဘတ်ရဲ့ အမျိုးသမီးတွေအပေါ် အမြင်တွေအပြင် သူ့ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ချဲ့ကား ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်တဲ့အကြောင်း နည်းပညာသတင်းတွေနဲ့ သတင်းအမှားတွေ စိစစ်ဖော်ပြနေတဲ့ Techarp ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ၂၀၂၀ ခုနှစ်အတွင်းမှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းဆန်းစစ်ချက်ကို ကိုးကားပြီး Boom Myanmar ကလည်း မြန်မာဘာသာနဲ့ ပြန်လည်ဖော်ပြထားပြီး ဖြစ်ပါတယ်။


    သတင်းဆန်းစစ် ထားမှုထဲက အချက်အလက်တွေအရ မာ့က် ဇူကာဘတ်ရဲ့ အင်္ဂလိပ်စာ အရေးအသားက ဒီဖြန့်ဝေမှုမှာတွေ့ရတဲ့ ပုံမဟုတ်ပဲ အင်္ဂလိပ်စာကို သဒ္ဒါနည်းကျ မှန်မှန်ကန်ကန်နဲ့ ရေးလေ့ရှိကြောင်း၊ ဒီပိုစ့်ထဲက အရေးအသားကတော့ တရုတ် တစ်ယောက်က တရုတ်စာနဲ့ရေးပြီး ဂူဂယ်မှာဘာသာပြန်ထားသလို ဖြစ်ကြောင်း ထောက်ပြထားပါတယ်။


    နောက်တချက်အနေနဲ့ မာ့က် ဇူကာဘတ်ဟာ သူရေးသားတဲ့ ပိုစ့်တွေအောက်မှာ "မာ့က် ဇူကာဘတ် (ဖေစ့်ဘွတ်တည်ထောင်သူ)" လို့ တစ်ခါမှ မထည့်ဘူးကြောင်း။ သူ့အနေနဲ့ ဖေစ့်ဘွတ်တည်ထောင်သူဖြစ်တယ်ဆိုတာကို လူတွေကို အသိပေးနေစရာမလိုတဲ့ အတွက်ဖြစ်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။


    နောက်ဆုံးအချက်မှာတော့ ဇူကာဘတ်ရဲ့မိန်းမ ပရက်စီလာချန်က ဟားဗတ်တက္ကသိုလ်က ဘွဲ့ရခဲ့တာဆိုပေမယ့် သူမဟာ ဆေးပညာလေ့လာခဲ့တာ မဟုတ်ကြောင်း၊ ဟားဗတ်တက္ကသိုလ်မှာ ဇီဝဗေဒ ဝိဇ္ဇာဘွဲ့ရခ့တာသာဖြစ်ကြောင်း ထောက်ပြ ခဲ့တာဖြစ်ပါတယ်။


    ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

    Tags

    Facebook FounderChinese WifePriscillaPriscilla ChanFake newsမလှမပတရုတ်မဇူကာဘတ်My Wife China
    Read Full Article
    Claim :   ဇူကာဘတ်က သူ့မိန်းမကို \"ကျွန်တော့်မိန်းမ မလှမပတရုတ်မ\" လို့ ပြောဆိုတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!