BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ ဖြန့်ဝေနေတဲ့ သတင်းအမှား

သတင်းတု လိမ်လည်ရေးသား ဖြန့်ဝေနေသူ တွေကသတင်းခေါင်းစဉ်နဲ့ အတွင်းအကြောင်းအရာ မတူတဲ့ သတင်းတု၊ သတင်းမှားဖြန့်ဝေမှုတွေ လုပ်လာကြရာမှာ အခုအခါမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလာကြပါတယ်။

By - Boom Live Myanmar |
Published -  23 Sept 2021 5:28 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုတွေကို စက်တင်ဘာလ ၁၉ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေလည်း ရှိပါတယ်။

    သတင်းပြုလုပ်ရာမှာ "နိုင်ငံတော်အတိုင်ပင်ခံကို ပြန်လွတ်လာပြီ၊ ၃ ရက်အတွင်း အာဏာပြန်လွှဲရမှာဖြစ်ကြောင်း၊ မင်းအောင်လှိုင်ခွေးဖြစ်ပြီ။"( မူရင်းရေးသားထားသည့်အတိုင်း ) ဆိုတဲ့ စာသားတွေနဲ့အတူ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဒါ့အပြင် စက်တင်ဘာလ ၂၁ ရက်နေ့မှာလည်း Real News Myanmar ဆိုတဲ့ Youtube ချန်နယ်ကမှာ "အရေးပေါ် ကြေငြာလိုက်ပြီဟေ့။ ည ၈ နာရီသတင်းထူး။ အမေစုနဲ့ သမ္မတကို အမှုရုပ်သိမ်းကြောင်း ကြေငြာပြီ" ဆိုပြီး ခေါင်းစဉ်အကြောင်းအရာနဲ့ ကွဲလွဲနေတဲ့ ရုပ်သံဖိုင်ကို ထပ်မံဖြန့်ဝေထားတာ တွေ့ရပါတယ်။


    ဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို စစ်ဆေးဘို့ ဖြန့်ဝေမှုမှာပါတဲ့ ရုပ်သံဖိုင်တွေကို ကြည့်ရှု့ခဲ့ရာမှာ သတင်းတွေဟာ ခေါင်းစဉ်မှာ ရေးသားထားတဲ့ အကြောင်းအရာ မပါဝင်တဲ့အပြင် စစ်ကောင်စီအကြောင်းကို ရောက်တတ်ရာရာ ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။
    နောက်ထပ် ဒုတိယ ဖြန့်ဝေမှုက ရုပ်သံဖိုင်မှာတော့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးချကာ ပြောပြနေခြင်းသာ ဖြစ်ပါတယ်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါင်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ နဲ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းက အထူးသီးသန့် တရားရုံးမှာ စက်တင်ဘာလ ၂၁ ရက်နေ့က
    စွဲချက်တင်ခဲ့တာ ဖြစ်ပြီး သုံးဦးစလုံးက အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။ဒီအမှုကိုလာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်တွေမှာ ဆက်လက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။လက်ရှိအချိန်အထိ သူ့ကိုစွပ်စွဲထားတဲ့အမှုတွေထဲက ဘယ်တစ်ခုကိုမှ စစ်ကောင်စီက ဖြေလျှော့ထားခြင်းမရှိသလို ပလပ်ထားတဲ့အမှုမျိုးလည်းမရှိသေးပါဘူး။ဒါကြောင့် ဒေါ်အောသ်ဆန်းစုကြည်လွတ်မြောက်မယ် ဆိုတဲ့ သတင်းတွေဟာ သတင်းတု သတင်းမှားဖြန့်ချိသူတွေဖန်တီးလေ့ရှိတဲ့ အကြောင်းအရာသာဖြစ်ပါတယ်။

    Tags

    Daw Aung San Suu KyireleasedPresidentMilitary CoupNaypyitaw
    Read Full Article
    Claim :   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!