BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေသအချို့မှာ မြင်ခဲ့ရတဲ့...
သတင်းအတု

ဒေသအချို့မှာ မြင်ခဲ့ရတဲ့ အလင်းတန်းဟာ စစ်တပ်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းကြံစည်မှုဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံ ဒေသအချို့မှာ မြင်ခဲ့ရတဲ့ အလင်းတန်းဟာ စစ်အာဏာသိမ်းအဖွဲ့နဲ့ အိန္ဒိယနိုင်ငံတိုရဲ့ ပူးပေါင်း ကြံစည်ထားတဲ့ နောက်ကွယ်က အကြောင်းအရာ ဖြစ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  19 Dec 2022 7:37 AM IST
  • ဒေသအချို့မှာ မြင်ခဲ့ရတဲ့ အလင်းတန်းဟာ စစ်တပ်နဲ့ အိန္ဒိယတို့ရဲ့ ပူးပေါင်းကြံစည်မှုဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို BMW ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန်လေးမိနစ်ကျော်ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်အာသိမ်းအဖွဲ့နဲ့ ပူးပေါင်းကြံစည်ထားတဲ့ အိန္ဒိယ' လို့ ရေးသားကာ ဗွီဒီယိုကာဗာပေါ်မှာတော့ 'ဒုံးပျံအလင်းတန်းနဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ရဲ့ နောက်ကွယ်က ဇာတ်လမ်း ဗိုလ်ချုပ်ဂွမ်မော် အပြတ်ပြောပြီ' ဆိုပြီး ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    'ဒုံးပျံအလင်းတန်းနဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ရဲ့ နောက်ကွယ်က ဇာတ်လမ်း ဗိုလ်ချုပ်ဂွမ်မော် အပြတ်ပြောပြီ' ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ MASES - Myanmar Astronomy & Science Enthusiasts Society မှာ ဖော်ပြထားတဲ့ India က လွှတ်တင်တဲ့ Agni-5 Ballistic Missile တာဝေးပစ် ဒုံးပျံအကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောထားတဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ နိုင်ငံရေးအခြေအနေကို အနည်းငယ်ထည့်ပြောထားပြီး အဆုံးသတ်မှာတော့ 'အိန္ဒိယ၏ စမ်းသပ်မှုသည် မြန်မာလေပိုင်နက်ထဲ ရောက်လာခဲ့သည့် အတွက် စစ်အာဏာသိမ်းအဖွဲ့၏ သဘောတူညီချက် ရရှိထားသည်လားအပေါ် မေးခွန်းထုတ်စရာရှိတယ်' လို့ ထည့်သွင်းပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်ဂွမ်မော်နဲ့ ပက်သက်တဲ့ သတင်းမှာတော့ RFA သတင်းဌာနမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖော်ပြခဲ့တဲ့ အင်တာဗျူးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    Tags

    Ballistic Missileတာဝေးပစ်ဒုံးပျံအလင်းတန်းFakenews
    Read Full Article
    Claim :   မြန်မာနိုင်ငံ ဒေသအချို့မှာ မြင်ခဲ့ရတဲ့ အလင်းတန်းဟာ စစ်အာဏာသိမ်းအဖွဲ့နဲ့ အိန္ဒိယနိုင်ငံတိုရဲ့ ပူးပေါင်း ကြံစည်ထားတဲ့ နောက်ကွယ်က အကြောင်းအရာ ဖြစ်တယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!