BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG၊ CRPH ခေါင်းဆောင်တွေရဲ့...
သတင်းအတု

NUG၊ CRPH ခေါင်းဆောင်တွေရဲ့ ပုံတွေအသုံးပြုပြီး ဖြန့်ဝေနေတဲ့ ပြောစကားအတု

NUG နဲ့ CRPH ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေအသုံးပြုကာ သူတို့ပြောထားခြင်း မရှိတဲ့ စကားတွေနဲ့ တွဲဖက်ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  13 March 2023 7:26 PM IST
  • NUG၊ CRPH ခေါင်းဆောင်တွေရဲ့ ပုံတွေအသုံးပြုပြီး ဖြန့်ဝေနေတဲ့ ပြောစကားအတု

    ဒီအကြောင်းအရာကို မတ်လ အစောပိုင်းက စတင်ပြီး စစ်တပ်ထောက်ခံသူတွေနဲ့ NUG၊ CRPH အဖွဲ့အစည်းတွေကို တိုက်ခိုက်သူအများအပြားက လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာပါ။

    ဖြန့်ဝေရာမှာ NUG နဲ့ CRPH ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ကြည်ညွန့်၊ ဒေါ်ဇင်မာအောင်၊ ဦးနေဘုန်းလတ် တို့ရဲ့ ဓါတ်ပုံတွေနဲ့ တွဲဖက်ပြီး 'ဗမာပြည်နယ်တွေ ဖက်ဒရယ်ဖွဲ့စည်းပုံတွေဆိုတာ အမေစုမပါဘဲ ကျွန်တော်တို့ သဘောနဲ့ ဆုံးဖြတ်ချက် ချလို့မရဘူး။ အဲတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ချင်ရင် တိုင်းရင်းသားတွေအားလုံးက အမေစု ပြန်လွတ်လာအောင် စစ်တိုက်ပေး”၊ “ စစ်အာဏာရှင်ပြုတ်ကျသွားရင် ကျနော်တို့ ဦးဆောင်အုပ်ချုပ်မယ့် ဖက်ဒရယ်ပြည်ထောင်စုမှာ ၁၀နှစ်လောက် အတူနေကြည့်ပါ ၁၀နှစ်ပြည့်လို့ကြိုက်ရင် ဆက်နေပါ။ မကြိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းပေးခဲ့တဲ့ ကတိအတိုင်း ခွဲထွက်ချင် ထွက်နိုင်ပါတယ်' ဆိုပြီး ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုတွေဟာ သတင်းအမှားတွေဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သူမရဲ့ ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၃ ရက်နေ့က ပြန်လည်ရှင်းပြဖြန့်ဝေထားပါတယ်။


    ဒေါ်ဇင်မာအောင်က မြေပြင်အကြမ်းဖက်မှုအပြင် အွန်လိုင်းသတင်းအမှားတွေသုံးပြီး အရှိမြှင့်လာတဲ့အတွက် သတိထားကြဘို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် လူထုနွေဦး (People's Spring) မီဒီယာပေချ့်ကလည်း CRPH နဲ့ NUG ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံအသုံးပြုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားဖြစ်တဲ့အကြောင်း မတ်လ ၄ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

    သတင်းထဲမှာ NUG အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်ဖြစ်သွားမှာ ကြောက်နေကြောင်း၊ ဒါကြောင့် ရတဲ့နည်းနဲ့ ညီညွတ်မှုပြိုကွဲဘို့ ကြိုးစားနေတာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ သွေးမကွဲဘို့ အရေးကြီးကြောင်း ပြောဆိုထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    information warfareFake PhotosNUG leaderCRPH leaderFake NewsFake quoteသတင်းအမှားဝါဒဖြန့် သတင်းအမှား
    Read Full Article
    Claim :   NUG နဲ့ CRPH ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံတွေအသုံးပြုကာ သူတို့ပြောထားခြင်း မရှိတဲ့ စကားတွေနဲ့ တွဲဖက်ဖြန့်ဝေနေတဲ့ သတင်းအမှား
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!