BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုပ်သံပေါင်းစုံကို စုစည်းပြီး...
သတင်းအတု

ရုပ်သံပေါင်းစုံကို စုစည်းပြီး အင်ဒိုလေယာဉ်ပျက်ကျတဲ့ဖြစ်စဉ်အဖြစ် ဖြန့်ဝေတဲ့ Video

လွန်ခဲ့တဲ့နှစ်တွေကဖြစ်ပျက်ခဲ့တဲ့ လေယာဉ်မတော်တဆမှုဖြစ်စဉ်တွေနဲ့ အွန်လိုင်းပေါ်က ရုပ်သံတွေကိုစုစည်းပြီး မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုဖြစ်စဉ်အဖြစ်ပြန်လည်ဖြန့်ဝေထားတဲ့ Video တစ်ခု လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  12 Jan 2021 6:51 PM IST
  • ရုပ်သံပေါင်းစုံကို စုစည်းပြီး အင်ဒိုလေယာဉ်ပျက်ကျတဲ့ဖြစ်စဉ်အဖြစ် ဖြန့်ဝေတဲ့ Video

    ဒီ Video ကို Kyaw Min Tun ဆိုတဲ့ ဖေစ့်ဘွတ်ကောင့်ပိုင်ရှင်က ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းမှာ သူ့ရဲ့ဖေစ့်ဘွတ်အကောင့်က ဖြန့်ဝေခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ပြန်လည်ဖြန့်ဝေမှုပေါင်း နှစ်သောင်းလေးထောင်ကျော် ရှိခဲ့ပါတယ်။

    ဒီလိုဖြန့်ဝေမှု များပြားခဲ့တာက ပြီးခဲ့တဲ့ ရက်ပိုင်းက အင်ဒိုနီးရှားလေကြောင်းလိုင်းက လေယာဉ်တစ်စီး ပျောက်ဆုံးခဲ့မှုကို အများသူငှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာ အဲ့ဒီဖြစ်စဉ်က Video အဖြစ်နဲ့ရေးသားဖြန့်ဝေခဲ့တာကြောင့် များပြားခဲ့တာဖြစ်ပါတယ်။

    လူပေါင်း ၆၂ ဦး လိုက်ပါသွားတဲ့ အင်ဒိုနီးရှား Sriwijaya လေကြောင်းလိုင်းရဲ့ SJ 182 ခရီးသည်တင်လေယာဉ်ဟာ ဇန်နဝါရီ ၉ ရက် စနေနေ့က ဂျကာတာကနေ စတင်ပျံသန်းလာပြီးနောက် ၄ မိနစ်ခန့်အကြာ ပေ ၁၀,၀၀၀ ကျော်အမြင့်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။

    နောက်ပိုင်းသိရတာက ဘိုးရင်း 737 လေယာဉ်ဟာ ထွက်ခွာပြီး မကြာခင် ပင်လယ်အတွင်း ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းမှုမှတ်တမ်း Black Box စက်တွေ တည်ရှိတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒီလေယာဉ် ပျက်ကျမှုကို အခြေခံပြီး အချိန် ၉ မိနစ်ခွဲကြာမြင့်တဲ့ ဗွီဒီယိုဖိုင်ကို လုပ်ကြံဖန်တီးခဲ့တာဖြစ်ပြီး "အင်ဒိုနီးရှားလေယာဉ် ပျက်ကျပုံ စ/ဆုံး" ဆိုပြီး ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဗွီဒီယိုဖိုင်ဟာ Youtube ပေါ်က သတင်းဟောင်းတွေကို ရယူပြီး တမင်လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုပဲ ဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်ရဲ့ အချိန် ၁ မိနစ်နဲ့ ၅၈ စက္ကန့်မှာပါတဲ့ရုပ်သံဟာ CNN က တင်ပြခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်ထဲက ရုပ်သံတစ်ခုဖြစ်ပါတယ်။


    ဒီအစိတ်အပိုင်းကို CNN သတင်းဌာနမှာ ရှာဖွေကြည့်ရာမှာတော့ ဒါဟာ ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့က CNN သတင်းဌာရဲ့ Youtube ချန်နယ်မှာ ဖော်ပြခဲ့တဲ့ အဘူဒါဘီကနေ ဂျာကာတာကို ပျံသန်းခဲ့တဲ့ Etihad Airways က လေယာဉ်ပေါ်မှာ လေယာဉ်လှုပ်ခါမှု ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုကလစ်ဖြစ်တာတွေ့ရပါတယ်။


    CNN သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဗွီဒီယိုဖိုင်ရဲ့ ၄ မိနစ်နဲ့ ၄၄ စက္ကန့်မှာ ပြသနေတဲ့ လေယာဉ်ပျက်ကျမှုကနေ လွတ်မြောက်လာသူ Ferdinand Puentes ဆိုသူရဲ့ အင်တာဗျူးပုံတွေကို ရှာဖွေကြည့်ခဲရာမှာတော့ ဒါဟာ ABC News သတင်းဌာနမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းကို ရယူထားတယ်ဆိုတာ သိရပါတယ်။


    ဟာဝိုင်အီမှာ သတင်းခရီးသည်တင် လေယာဉ်ငယ်တစ်စီး ရေထဲပျက်ကျမှုကို လေယာဉ်ပေါ်ပါလာသူ ခရီးသည်တစ်ဦးက GoPro ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့မှုကို ABC News သတင်းဌာနက ပြန်လည်ဖော်ပြခဲ့တဲ့ သတင်းပါ။


    ABC News သတင်းဌာနရဲ့ ဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ဟာ သတင်းဟောင်းတွေကို ပြန်လည်ပြုပြင်ဖန်တီးထားတာသာ ဖြစ်ပြီး အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုက ပုံရိပ်တွေမဟုတ်ဘူးဆိုတာ သိရှိနိုင်ပါတယ်။ လက်ရှိဖြန့်ဝေထားတဲ့ Video ဖိုင်ဟာ အွန်လိုင်းမှာပျံ့နှံ့ခဲ့ဖူးတဲ့ ယခင်ဖြစ်ရပ်ဟောင်းတွေက ရုပ်သံတွေကိုအသုံးချပြီးပြန်လည်ဖြန့်ဝေထားခဲ့တာသာဖြစ်ပါတယ်။

    Tags

    Indonesia plane crashAirplane Crashedအင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအင်ဒိုနီးရှားလေကြောင်းလိုင်းခရီးသည်တင်လေယာဉ်Ethiad flightHawaii Plane Crash
    Read Full Article
    Claim :   အင်ဒိုနီးရှားလေယာဉ်ပျက်ကျပုံ ဆိုပြီး ပြုပြင်ဖန်တီးထားတဲ့ ဗွီဒီယိုဖိုင် တစ်ခုကို လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!