BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Amber Heard တရားခွင်မှာ Jason Mamoa...
သတင်းအတု

Amber Heard တရားခွင်မှာ Jason Mamoa ကိုထည့်သွင်းထားတဲ့ Video အတု

လက်ရှိ လူစိတ်ဝင်စားမှုများပြားနေတဲ့ မင်းသား Johny Deep နဲ့ ဇနီးဟောင်းတို့ရဲ့ အမှုအပြီးမှာပဲ မင်းသမီး Amber Heard အကြောင်း ဟာသအဖြစ် တည်းဖြတ်ဖန်ထားတဲ့ ဗွီဒီယိုအတုတွေ လူမှုမီဒီယာတွေပေါ် ပျံ့နံ့လျက်ရှီပါတယ်။

By - Boom Live Myanmar |
Published -  4 Jun 2022 10:36 PM IST
  • Amber Heard တရားခွင်မှာ Jason Mamoa ကိုထည့်သွင်းထားတဲ့ Video အတု

    ဒီဗွီဒီယိုဖိုင်ကို A Daily Dose For Happiness ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇွန်လ ၃ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၂၄ နာရီ မပြည့်မီ ထပ်ဆင့်ဖြန့်ဝေမှု နှစ်ထောင့်သုံးရာ ကျော်နေပြီ ဖြစ်ပါတယ်။ ၂ မိနစ် နီးပါးကြာမြင့်တဲ့ ဗွီဒီယိုဖိုင်ထဲမှာ 'Aquaman' ဇာတ်ကားမင်းသား Jason Momoa နဲ့ မင်းသမီး Amber Heard ရဲ့ ရှေ့နေတို့ အပြန်အလှန် ပြောဆိုနေမှုကို ပါဝင်ပြီး ဘာသာပြန် စာတမ်းထိုးကာ ပြင်ဆင်တည်းဖြတ်ထားတာလည်း တွေ့ရပါတယ်။

    ဖြန့်ဝေနေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ ပြန်လည်ပြုပြင်တည်းဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်အတုသာ ဖြစ်ပါတယ်။ မူရင်းဗွီဒီယိုဖိုင်ဟာ ၂၀၂၀ ခုနှစ်က ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း ကွာရန်တင်းဝင်နေတဲ့ ကလေးတွေနဲ့ ပါတ်သတ်ပြီး မင်းသား Mamoa က The Ellen DeGeneres Show မှာ ဖြေကြားထားတဲ့ အင်တာဗျုးအစိတ်အပိုင်းတချို့ကို တရားခွင်ရုပ်ပုံတွေနဲ့ ဖြတ်ညှပ်ကပ်‌ပြန်လည်ဖန်တီးထားတဲ့ရုပ်သံဖြစ်ပြီး အဆိုပါရုပ်သံဖိုင်မှာ နိုင်ငံတကာလူမှုကွန်ရက်များတွင်လည်းပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။


    အဆိုပါနောက်ပြောင်ထားတဲ့ရုပ်သံဖိုင်ဟာနိုင်ငံတကာက ပရိသတ်တွေကြားထဲမှာလည်းပျံ့နှံ့ခဲ့တာဖြစ်ပြီး ဒီရုပ်သံဖိုင်ကိုဆန်းစစ်ထောက်ပြထားတဲ့အကြောင်းအရာတွေလည်းရှိခဲ့ပါတယ်။အဆိုပါ ဗီဒီယိုအကြောင်းရှင်းလင်းရေးသားထားတဲ့သတင်းကို ဒီမှာ ဖတ်ပါ။

    အထက်ပါပုံမှာ မူရင်းဗွီဒီယိုဖိုင်ရဲ့ ရက်စွဲကို အစိမ်းရောင်နဲ့ ဖော်ပြထားပါတယ်။ The Ellen DeGeneres Show မှာ ပါဝင်ခဲ့တဲ့ ဒီဗွီဒီယိုဖိုင်ကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Hollywood starFakevideoFake videoသတင်းအတုကိုဗစ် ၁၉Johnny DeppAmber HeardJason MomoaAquamanThe Ellen DeGeneres ShowHollywood celebrities
    Read Full Article
    Claim :   မင်းသား Jason Momoa မြင်တွေ့ခဲ့ရတဲ့ Amber Heard ရဲ့ချီးပုံကြီး
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!