အာဏာသိမ်းစစ်ခေါင်းဆောင်တွေပြောဆိုထားတဲ့ အသံဖိုင်ဆိုပြီး ဖြန့်ဝေနေတဲ့ဗွီဒီယိုအတု

အာဏာသိမ်းစစ်အစိုးရရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ဆက်သွယ်ပြောဆိုထားတဲ့ အသံဖိုင်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုဟာ လိမ်ညာဖြန့်ဝေထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

ဒီဗွီဒီယိုဖိုင်ကို မတ်လ ၂၂ ရက်နေ့က ဖြန့်ဝေခဲ့တာဖြစ်ပြီး ယခုအချိန်အထိ ပြန်လည်ဖြန့်ဝေသူ တစ်သောင်းတစ်ထောင်ကျော် ရှိနေပါတယ်။

၈ မိနစ်ကျော်ကြာတဲ့ ဒီဗီဒီယိုဖိုင်မှာ "ကာချုပ်နဲ့ ဦးသန်းရွှေ ုဖုန်းလိုင်းဖြင့် ဆက်သွယ်ပြောဆိုထားတဲ့ အသံဖိုင်လူကြည့်များနေ။ မင်းကတဲ့ ဇတ် မင်းမနိုင်ရင် မင်းတစ်ယောက်ထဲမဟုတ်ဘူး ငါ့သား" လို့ ရေးသားထားပေမယ့် အတွင်းမှာတော့ ရေးထားချက်နဲ့ မသက်ဆိုင်တဲ့ အခြားအကြောင်းအရာတွေကို သတင်းကြေငြာတဲ့ပုံစံ အမျိုးသမီးတစ်ဦးက နောက်ခံစကား ပြောဆိုထားတာပါ။

သတင်းတွေထဲမှာ "အမြန်လမ်းမှာ အိမ်စီးကားတွေနဲ့ ခရီးသည်တင်ကားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးနေဆိုတဲ့ သတင်း၊ ဧည့်စာရင်းတိုင်ဖို့ရွှေပြည်သာမှာ ကြေငြာတယ်ဆိုတဲ့ သတင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ လှည့်ကင်းဆောင်ရွက်ပေးနေတဲ့ လုံခြုံရေးတွေကို အကြမ်းဖက်လူတစ်က တိုက်ခိုက်သဖြင့် စစ်သည်တစ်ဦးသေဆုံး ဆိုတဲ့ သတင်း" စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ပြောဆိုချက်တွေထဲမှာ တခါတရံ အာဏာသိမ်း စစ်တပ်လို့ ပြောဆိုသုံးနှုန်းပေမယ့် တတိယမြောက်သတင်းမှာတော့ " ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ လှည့်ကင်းဆောင်ရွက်ပေးနေတဲ့ လုံခြုံရေးတွေကို အကြမ်းဖက်လူတစ်က တိုက်ခိုက်တဲ့အတွက် စစ်သည်တစ်ဦးသေဆုံး" ဆိုပြီး အကြမ်းဖက်မှုကို ခုခံကာကွယ်နေတဲ့ ပြည်သူတွေအပေါ် အပြစ်ပုံချထားတဲ့ ပြောဆိုမှုတွေပါဝင်ပါတယ်။ရေးသားဖြန့်ဝေထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒီ ဗွီဒီယိုဖိုင်ဟာ လူကြည့်များစေဘို့ လိမ်လည်ရေးသားထားတာသာဖြစ်ပြီး အထဲမှာလည်း အာဏာသိမ်း စစ်အစိုးရအတွက် ထောက်ခံပြောဆိုထားတဲ့ အချက်တွေကို မသိမသာ ထည့်သွင်းဖြန့်ဝေနေခြင်းသာ ဖြစ်ပါတယ်။

Claim Review :   အာဏာသိမ်းစစ်အစိုးရရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ဆက်သွယ်ပြောဆိုထားတဲ့ အသံဖိုင်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့ အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By :  Facebook
Fact Check :  False
Show Full Article
Next Story