BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ပြုလုပ်ထားတဲ့ Video အတု

လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ၊ ဓါတ်ပုံတွေကို ပြုပြင်ပြီး တိုက်ခိုက်မှုတွေ၊ Video အတုပြုလုပ်ပြီး တိုက်ခိုက်မှုတွေ မကြာခဏ တွေ့ရတတ်ပါတယ်။

By - Boom Live Myanmar |
Published -  9 Jan 2021 3:55 PM IST
  • ဒေါ်အောင်ဆန်းစုကြည်မျက်နှာနဲ့ ပြုလုပ်ထားတဲ့ Video အတု

    ဒီရက်ပိုင်းအတွင်းမှာ လူမှုကွန်ရက်မှာ အပျော်တမ်းဖန်တီးလေ့ရှိကြတဲ့ Reface App ကိုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့ ပြောင်းလဲနောက်ပြောင်ထားတဲ့ Video အတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။ အဲ့ဒီ Video ကို "အင်းစိန်ထောင်" ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၃ ရက်နေ့ ၁၂ နာရီ ၅၃ မိနစ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

    ၎င်းပြုလုပ်ထားတဲ့ Video ဟာ ၁ မိနစ်နဲ့ ၁၂ စက္ကန့်ကြာမြင့်ပြီး India ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းမှာ မင်းသမီးနဲ့ အကအဖွဲ့တွေ သီချင်းဆိုပြီး ကနေတဲ့နေရာနေရာတွေ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို ထည့်သွင်းကာ အဆိုပါ Video ကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

    ၎င်းအကောင့်ပိုင်ရှင်ဟာ အဲ့ဒီ Video ကို တင်တဲ့အခါမှာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတချို့ကိုလည်း ရေးသားထားပြီး ၎င်းဆီက ထပ်ဆင့်ဝေမျှသူ တချို့ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုရေးသားထားတာကိုလည်း တွေ့ရပါတယ်။

    မူရင်း ဖြန့်ဝေမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ၎င်းဟာ ဒီ Video အတုကို ပြုလုပ်ရာမှာ ဖုန်းနဲ့ သုံးပြီး အလွယ်တကူ မျက်နှာ အစားထိုးလို့ရတဲ့ Reface ဆိုတဲ့ Application နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီ Application ဟာ ရင်းနှီးသူတွေကြားမှာ အပျော်သဘော နောက်ပြောင်ဖို့ သုံးလေ့ရှိတဲ့ Mobile App တစ်ခုဖြစ်ပြီး အခု Video မှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

    Video အတု ပြုလုပ်ထားတဲ့ အကောင့်ပိုင်ရှင်ဟာ ၎င်းရဲ့ နာမည်ကို "အင်းစိန်ထောင်" လို့ ပေးထားပြီး NLD ပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်တင်ထားတာကို တွေ့ရပါတယ်။

    Tags

    Fake videoDaw Aung San Suu Kyi
    Read Full Article
    Claim :   India ရုပ်ရှင်ထဲက မင်းသမီးတွေ ကနေတဲ့ နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည်မျက်နှာ အစားထိုးပြီး ပြုလုပ်ထားတဲ့ Video နဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!