BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံတဲ့...
သတင်းအတု

စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံတဲ့ ဗီဒီယိုဖိုင်မဟုတ်ပါ

စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီး ပစ်ချခံနေရသဖွယ် ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုမီဒီယာတွေပေါ်မှာ ပြန့်နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  19 March 2024 9:06 PM IST
  • စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံတဲ့ ဗီဒီယိုဖိုင်မဟုတ်ပါ

    ဒီဗီဒီယိုဖိုင်ကို ဦးပညိန္ဒ ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ကြည့်ရှု့သူ ၂ သန်းကျော်နဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့် ၃၀ ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ငှက်ကင်ရပါပြီး။

    သူ့အကုသိုလ်နဲ့သူ' လို့ ရေးသားထားပါတယ်။

    ဗီဒီယိုမှာတော့ ဗုံးကျဲတိုက်ခိုက်နေတဲ့ စစ်ရဟတ်ယာဉ် ၂ စီး အနက် တစ်စီးက မြေပြင်ပေါ် ပျက်ကျပေါက်ကွဲသွားတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။ ရုပ်သံဖိုင်ရဲ့ နောက်ခံမှာ မိန်းကလေးအချို့ စကားပြောသံတွေ ပါဝင်နေပါတယ်။ စကားသံတွေကတော့ 'အိုးပစ်ပြီ။ အိုးပစ်ပြီဟိုမှာကြည့်ဦး။ သုံးလုံး။ လေးလုံး။ အိုးပစ်ပြီ။ အေးလေးလုံးငါးလုံး။ အိုး။ သွားပြီ။ ဪ။ ... ကျက်သရေနဲ့။ ဘယ်နားမှာအဲ့ဒါဘယ်ဘက် အေး။ ... အာအသံထွက်တော့မှာ အားကြောက်တယ်' လို့ ပြောဆိုသံတွေ ကြားနေရပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုအတု ဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ tik tok မှာ ပြန်လည် ဖြန့်ဝေထားတဲ့ ARMA 3 နဲ့ Squad တို့လို military simulation game တစ်ခုခုရဲ့ video footage တစ်ခုခု ဖြစ်နိုင်ပါတယ်။

    စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ပစ်ချမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ကရင်ပြည်နယ် သင်္ကန်းညီနောင်မှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တဲ့ ဖြစ်စဉ်ဟာ နောက်ဆုံးဖြစ်တယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

    ဒီဖြစ်စဉ်ရဲ့ ရုပ်သံမှတ်တမ်းကိုလည်း KNU နဲ့ Cobra Column တပ်ခွဲ (၄)က ထုတ်ပြန်ထားပြီး သတင်းမီဒီယာတွေမှာ ပြန်လည်ဖော်ပြပြီး ဖြစ်ပါတယ်။


    MizzimaTV မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ထဲက ရဟတ်ယာဉ်ပျက်ကျသွားတဲ့ ဖြစ်စဉ်မျိုးကို မည်သည့် အဖွဲ့အစည်း သတင်းမီဒီယာတွေကမှ ဖော်ပြထားတာ မရှိပါဘူး။

    စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အခြားအမျိုးအစာ ရဟတ်ယာဉ် စုစုပေါင်း ၇ စီးပစ်ချခံခဲ့ရတယ်လို့ People's Spring သတင်းဌာနက ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

    ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ ကရင်နီပြည်နယ် (ကယား) ၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ် ဒေသတွေမှာ ပစ်ချခံခဲ့ရတာ ဖြစ်ပြီး၂၀၂၁ ခုနှစ်မှာ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊၂၀၂၃ ခုနှစ်မှာတိုက်လေယာဉ် ၂ စီးနဲ့ ရဟတ်ယာဉ် ၁ စီး၊ ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပဲ တိုက်လေယာဉ် ၂ စီး နဲ့ ရဟတ်ယာဉ် ၁ စီး တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ရဟတ်ယာဉ်ပစ်ချFake videoARMA 3Squadmilitary simulation gamehelicopter shot downGame footageFake video footageFakenewsငှက်ကင်
    Read Full Article
    Claim :   စစ်ရဟတ်ယာဉ် နှစ်စီး ပစ်ချခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!