BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Thai Airways က လေယာဉ် ရေထဲပျက်ကျတဲ့...
သတင်းအတု

Thai Airways က လေယာဉ် ရေထဲပျက်ကျတဲ့ ရုပ်သံဖိုင်မဟုတ်ပါ

Thai Airways က လေယာဉ် တစ်စီးစက်ချို့ယွင်းပြီး ရေထဲထိုးကျနေသယောင် ဗီဒီယိုဖိုင်တစ်ခုကို လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  30 Sept 2024 9:50 AM IST
  • Thai Airways က လေယာဉ် ရေထဲပျက်ကျတဲ့ ရုပ်သံဖိုင်မဟုတ်ပါ

    ဒီဗီဒီယိုဖိုင်ကို chekus0ne ဆိုတဲ့ Threads ဆိုရှယ်မီဒီယာ အကောင့်မှာ ဩဂုတ်လ ၂၉ ရက်မှာ ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့်ပိုင်းသာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'Airplane crash lands in water' ဆိုပြီး ရေးသားထားပါတယ်။

    ဗီဒီယိုထဲမှာတော့ Thai Airways တံဆိပ်ပါ လေယာဉ်တစ်စီး မီးလောင်ပြီး ရေထဲထိုးကျသွားတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုအတု ဖြစ်တာကို တွေ့ရပါတယ်။

    အခုဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ Youtube ချန်နယ်တွေပေါ်မှာ ပြန်လည် ဖြန့်ဝေထားတဲ့ simulation game တစ်ခုခုရဲ့ video footage တစ်ခုခု ဖြစ်နိုင်ပါတယ်။

    ဂိမ်းကစားတဲ့ video footage တွေကို ပြန်လည်ဖြန့်ဝေနေတဲ့ ANHVGTA ဆိုတဲ့ Youtube ချန်နယ်မှာလည်း ဒီလို အကြောင်းအရာများစွာ ဖြန့်ဝေထားတာ တွေ့နိုင်ပါတယ်။


    ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတာဖြစ်ပါတယ်။

    Tags

    simulation gameဗီဒီယိုဂိမ်းgaming contentFakevideoairplane crashလေယာဉ်ပျက်ကျFake news
    Read Full Article
    Claim :   Thai Airways က လေယာဉ် ရေထဲပျက်ကျတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!