BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လောက်ကိုင်မြို့ရှိ လက်နက်စက်ရုံ...
      သတင်းအတု

      လောက်ကိုင်မြို့ရှိ လက်နက်စက်ရုံ ဗုံးကျဲခံရတယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု

      ကိုကန့်တပ် (MNDAA) ထိမ်းချုပ်ထားတဲ့ လောက်ကိုင်မြို့ရှိ ယမ်းနဲ့လက်နက်ရုံ ဗုံးကျဲဖျက်ဆီးခံရတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်ဟာ တခြားနေရာက အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  23 July 2024 1:12 PM IST
    • လောက်ကိုင်မြို့ရှိ လက်နက်စက်ရုံ ဗုံးကျဲခံရတယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု

      ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်နဲ့ Youtube ချန်နယ်တွေမှာ ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပါတယ်။

      ဖြန့်ဝေရာမှာ မီးလောင်ပြီး မီးခိုးအများအပြား ထွက်နေတဲ့ အဆောက်အဦးတစ်ဦးကို ရိုက်ယူထားတဲ့ Tiktok ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ယမ်းနဲ့လက်နက်ရုံ ဖျက်ဆီးခံရ။ လောက်ကိုင်တော့သွားပြီ။ တတိယအကြိမ် ပေါင် ၂၀၀၀ ဗုံးနဲ့ ချခံရပြီ' လို့ ရေးသားထားတာပါ။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      လောက်ကိုင်မြို့ရှိ လက်နက်စက်ရုံ ဗုံးကျဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ထိုင်ဝမ်နိုင်ငံရှိ Shanshang စက်မှုဇုံမှာ ဇူလိုင်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု ဖြစ်စဉ်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

      ဒီမီးလောင်နေတဲ့ အဆောက်အဦဟာ လောက်ကိုင်က ဖြစ်စဉ်မဟုတ်ပါဘူး။ Shanshang စက်မှုဇုံ မီးလောင်နေတဲ့ ဖြစ်စဉ်က ဗီဒီယိုဖိုင်တွေကို ကူးယူပြီး စစ်တပ်ထောက်ခံသူအချို့က လိုသလိုရေးသားဖြန့်ဝေနေတာပါ။

      အောက်ပါပုံကိုကြည့်ရှု့ပါ။


      Shanshang စက်မှုဇုံ မီးလောင်နေတဲ့ ဖြစ်စဉ်ကို ထိုင်ဝမ်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားသလို အခြားသတင်းဌာန ကြီးတွေမှာလည်း ဖော်ပြထားပါတယ်။

      ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ မနက်နှစ်နာရီကျော်က လောက်ကိုင်မြို့ရှိ တုံချိန်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး လူဆယ်ယောက်ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုဖြန့်ဝေနေတဲ့ ဗီဒီယိုထဲက ဖြစ်စဉ်ကတော့ ထိုင်ဝမ်နိုင်ငံရှိ Shanshang စက်မှုဇုံ မီးလောင်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

      Tags

      ပေါင် ၂၀၀၀ ဗုံး. လောက်ကိုင်factory explosionစက်ရုံပေါက်ကွဲမှုကိုးကန့်တပ်
      Read Full Article
      Claim :   လောက်ကိုင်မြို့ရှိ လက်နက်စက်ရုံ ဗုံးကျဲခံရတယ်လို့ဆို
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!