BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာနိုင်ငံက ကွာရန်တင်းစင်တာမှာ...
သတင်းအတု

မြန်မာနိုင်ငံက ကွာရန်တင်းစင်တာမှာ ရိုက်နှက်တယ်ဆိုတဲ့ ဗီဒီယိုအတု

PPE ဝတ်ထားသူတစ်ဦးက Quarantine center တစ်ခုအတွင်း ရိုက်နှက်ဒဏ်ပေးနေတဲ့ ရုပ်သံဖိုင်တစ်ခုကို အသုံးပြုကာ စစ်ကောင်စီရဲ့ စင်တာတစ်ခုက အဖြစ်အပျက်ပုံစံရေးသားကာ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေ ရှိပါတယ်။

By - Boom Live Myanmar |
Published -  12 July 2021 7:58 PM IST
  • မြန်မာနိုင်ငံက ကွာရန်တင်းစင်တာမှာ ရိုက်နှက်တယ်ဆိုတဲ့ ဗီဒီယိုအတု

    စက္ကန့် ၃၀ ခန့်သာကြာမြင့်တဲ့ ရုပ်သံဖိုင်ကို ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ထပ်ဆင့်ဖြန့်ဝေသူ ၅ ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ "စကစ ဆောက်လုပ်ပေးတဲ့ Q Center အခြေအနေ" ဆိုပြီး ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ် ။ ရုပ်သံဖိုင်ရဲ့ အဆုံးနားမှာ မြန်မာစကားနဲ့ အော်ဟစ်ပြောဆိုနေတာလည်း ကြားရပါတယ်။
    စည်းကမ်းမလိုက်နာတာကြောင့်ရောက်နှက်ဆုံးမတယ်ဆိုတဲ့ Video ဖိုင်မှာ "လာ နောက်တစ်ယောက်လာခဲ့။ မင်းတို့ငါ ကောင်းကောင်းမွန်မွန်ထားတာ သိလား" ဆိုတဲ့ စကားပြောသံလည်း ကြားရပါတယ်။Video ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ရုပ်သံဖိုင်ထဲက အဖြစ်အပျက်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ဒါဟာ လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသအတွင်း မြန်မာ(ရခိုင်)ရွာအနီး မြန်မာများကိုသာ Quarantine ထားရှိတဲ့ ဈေးသစ် အဆောက်အဦးထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ပြီးခဲ့တဲ့ရက်အနည်းငယ်ကဖြန့်ဝေပြောဆိုထားကြပြီးဖြစ်ပါတယ်။မူလဖြစ်စဉ်ဟာ quarantine center အတွင်း သတ်မှတ်စည်းကမ်း မလိုက်နာတဲ့ အတွက် မြန်မာအချင်းချင်း ရိုက်နှက် ဒဏ်ပေးတာဖြစ်ကြောင်း တာချီလိတ်သတင်းအေဂျင်စီ က ဇူလိုင်လ ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။


    လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း နေထိုင်နေကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့ ကုမ္ပဏီမှ သတ်မှတ်ချက်အတိုင်း လိုက်နာနေထိုင်ရပြီး မြန်မာတွေကို အုပ်ချုပ်နိုင်ဖို့ မြန်မာဝန်ထမ်းများကို ခန့်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

    Tags

    ကိုဗစ်-၁၉Fake videoQuarantine centercovid19Laos
    Read Full Article
    Claim :   PPE ဝတ်ထားသူတစ်ဦးက Quarantine center တစ်ခုအတွင်း ရိုက်နှက်ဒဏ်ပေးနေတဲ့ ရုပ်သံဖိုင်တစ်ခုကို အသုံးပြုကာ စစ်ကောင်စီရဲ့ စင်တာတစ်ခုက အဖြစ်အပျက်ပုံစံရေးသားကာ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!