BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယူကရိန်းပြည်သူတွေက သမ္မတ...
သတင်းအတု

ယူကရိန်းပြည်သူတွေက သမ္မတ ဇာလန်းစကီးကို ဦးညွတ်ကြိုဆိုနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်အတု

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး အိမ်ပြန်အလာကို ယူကရိန်းပြည်သူတွေက ဒူးထောက်ဦးညွတ်ပြီး ကြိုဆိုနေတယ်ဆိုပြီး ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  6 March 2025 9:13 PM IST
  • ယူကရိန်းပြည်သူတွေက သမ္မတ ဇာလန်းစကီးကို ဦးညွတ်ကြိုဆိုနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ဗီဒီယိုဖိုင်အတု

    ဒီအကြောင်းအရာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဇာလန်းစကီးတို့ရဲ့ အိမ်ဖြူတော်မှာ အချေအတင် တွေ့ဆုံမှုပြီး တဲ့နောက်မှာ စတင်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁ မိနစ်ခန့်သာရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'ဇီလန်းစကီးအပြန်လာကို ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို။ ယူကရိန်းသမ္မတအား ယူကရိန်းပြည်သူများ ဦးညွတ်ကြိုဆို' လို့ ရေးသားထားပါတယ်။

    ဗီဒီယိုထဲမှာတော့ ယူကရိန်းအလံတွေ လွှင့်လာတဲ့ ကားတန်းကို လူတွေက လမ်းဘေးမှာ ဒူးထောက်ဦးညွတ်နေတဲ့ မြင်ကွင်း တွေ ပါဝင်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယူကရိန်းပြည်သူတွေက သမ္မတ ဇာလန်းစကီးကို ဦးညွတ်ကြိုဆိုနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီရုပ်သံဖိုင်ကို Conflict Chronicle ဆိုတဲ့ ယူကျူ့ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ကတည်းက ဖြန့်ဝေထားတာ ဖြစ်ပါတယ်။


    ရုပ်သံဖိုင်ထဲမှာ နောက်ခံစကားပြောနဲ့ ယူကရိန်း ပြည်သူတွေက သူတို့ရဲ့ ကျဆုံးသူရဲကောင်းတွေ ကို အရိုအသေပြုပြီး ကြိုဆိုနေတဲ့ ဗီဒီယိုဖိုင်ဖြစ်တယ်ဆိုပြီး ပြောနေတာလည်း ရှိပါတယ်။

    ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ယူကရိန်း အခြေစိုက် Voice of Sokal ဆိုတဲ့ ဝက်ဆိုက်မှာ Volodymyr Chaplyk ဆိုတဲ့ ယူကရိန်း စစ်သားရဲ့ အလောင်းကို မွေးရပ်မြေ ပြန်လည်သယ်ဆောင်လာတဲ့ အကြောင်းအရာကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။

    ဒီဖော်ပြမှုထဲက ရုပ်သံဖိုင် အပိုင်းအစတွေမှာလည်း အလောင်းပြန်ယူလာတဲ့ ကားတန်းကို ယူကရိန်းပြည်သူတွေ ဒူးထောက် ဦးညွတ် နေတဲ့ မြင်ကွင်းတွေ တွေ့ရပါတယ်။


    ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်က ကတ်စ်ဒေသမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်ရေး မစ်ရှင်တစ်ခုမှာ ကျဆုံးခဲ့တဲ့ ယူကရိန်းစစ်သား တစ်ဦးရဲ့ အလောင်းကို သူ့ရဲ့ ဇာတိမြေကို ပြန်သယ်လာတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

    Voice of Sokal မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    ယူကရိန်း သမ္မတယူကရိန်းUkraine warUkrainian PresidentFakevideoFakenewsWar
    Read Full Article
    Claim :   ယူကရိန်းပြည်သူတွေက သမ္မတ ဇာလန်းစကီးကို ဦးညွတ်ကြိုဆိုနေတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!