BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သမ္မတရုံးနာမည်သုံးထားတဲ့...
သတင်းအတု

သမ္မတရုံးနာမည်သုံးထားတဲ့ ကိုဗစ်ပျောက်ဆေးသတင်းအမှား

ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ ဆေးတွေ ပေါ်နေပြီဆိုတဲ့ သတင်းတွေဟာ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  18 May 2020 8:56 PM IST
  • သမ္မတရုံးနာမည်သုံးထားတဲ့ ကိုဗစ်ပျောက်ဆေးသတင်းအမှား

    လက်ရှိမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေကပါ ကိုရိုနာရောဂါကို ကုသဖို့ ဆေးဝါးတွေ ရှာဖွေနေဆဲပဲ ဖြစ်ပြီး ဆေးဝါးအသစ်တွေ တွေ့ရှိခြင်း မရှိသေးပါဘူး။

    Rowland ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မေလ ၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ နေ့မှာ ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ ဆေးဝါးတစ်မျိုးပေါ်ပြီလို့ သတင်းအမှား တစ်ပုဒ်တင်ထားပါတယ်။ ၎င်း သတင်းအမှားထဲမှာ ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ အာမခံချက် ခိုင်မာတဲ့ ဆေးဝါးအသစ် ပေါ်နေတာ ဖြစ်ပြီး၊ အဆိုပါဆေးကို နိုင်ငံတော် သမ္မတရုံး နဲ့ ကျန်းမာရေးဝန်ကြီးဌာနထိ တင်ပြထားပြီး ဖြစ်တယ်လို့ ရေးထားပါတယ်။

    ဒါ့အပြင် ဒီဆေးကို မေလ ၇ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးကို ဆေးဝါးနမူနာများပေးပြီး စစ်ဆေးတဲ့အခါ စမ်းသပ်မှု အောင်မြင်တယ်လို့ ရေးထားပါတယ်။ ဒီဆေးဟာ တိုင်းရင်းဆေး ဖြစ်တဲ့အတွက် အသုံးပြုဖို့ လွှတ်တော်က ခွင့်ပြုချက်ရယူဖို့ လိုနေတဲ့အတွက် မေလ ၁၈ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး မစခင် အရေးကြီးအဆို တင်သွင်းမှာဖြစ်တယ်လို့ ရေးသားထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဆေးဝါးအသစ်တွေ ရှာဖွေဖော်ထုတ်ဖို့ လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။

    Rowland ဆိုသူရဲ့ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ ဒီဆေးကို ရဲဘော်သုံးကျိပ်က သခင်လှဖေရဲ့ မြေးဖြစ်သူက ထုတ်လုပ်ခဲ့တာဖြစ်ပြီး သခင်လှဖေကိုလည်း တိုင်းရင်းဆေးပညာရှင် တစ်ဦး ဖြစ်တယ်လို့ ရေးထားပါတယ်။

    Rowland ရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ ရေးထားတဲ့ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၉၃၀၀ ကျော် ရှိနေပြီး တဆင့်ကူးယူ ပေါင်းများစွာလည်း ရှိနေသလို သတင်းအမှားတင်တဲ့ ဝက်(ဘ်)ဆိုဒ်တွေကလည်း ပြန်လည်တင်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Rowland ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ ဆေးတွေ့ပြီဆိုတဲ့သတင်းနဲ့ ပက်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန နဲ့ အင်္ဂလန်နိုင်ငံ University Hospital of Wales ဆေးရုံက အကြီးတန်းဆရာဝန် ဒေါက်တာချမ်းသာစိုး ကိုဆက်သွယ် မေးမြန်းခဲ့ပါတယ်။

    အဲ့ဒီ အပြင် Boom အနေနဲ့ ဒီအချက်အလက်ကို စစ်ဆေးဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ တရားဝင် Call Center ဖြစ်တဲ့ 2019 ကိုခေါ်ဆိုမေးမြန်းခဲ့ပါတယ်။ ဒီ call Center ဟာ ကိုဗစ် ၁၉ ဖြစ်ပွားတဲ့ကာလအတွင်း သတင်းအချက်အလက်တွေမေးမြန်နိုင်ဖို့စတင်ခဲ့တဲ့ တရားဝင် ဝန်ဆောင်မှူဖြစ်ပါတယ်။ ဒီလိုမေးမြန်းရာမှာ ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲဆေးမပေါ်သေးတဲ့အပြင် မည်သည့် ဆေးဝါးကိုမှ စမ်းသပ်အတည်ပြုပေးထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ သတင်းအမှားသာ ဖြစ်တယ်လို့တာဝန်ကျ ဆရာဝန်ကဖြေကြားပါတယ်။

    ဒီဆေးနဲ့ ပက်သက်ပြီးတော့လည်း "ဆေးကို လူနာတွေအတွက် သုံးချင်ရင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ အဆင့်အဆင့်ရှိပါတယ်။ FDA ခွင့်ပြုချက်ရရပါမယ်။ အဲဒါမရှိရင် ဘာပဲပြောပြော ဆေးအတုပါပဲ" လို့ ဒေါက်တာချမ်းသာစိုး က ပြောပါတယ်။

    ဒါ့အပြင် Rowland ဖေ့စ်ဘွတ်ပိုစ့်မှာရေးထားတဲ့ တိုင်းရင်းဆေးပညာရှင် သခင်လှဖေရဲ့ မြေးအရင်းက ထုတ်လုပ်ထားတာလို့ ရေးထားပါတယ်။ တကယ်တော့ သခင်လှဖေဟာ တိုင်းရင်းဆေးပညာရှင် တစ်ဦးမဟုတ်ပါဘူး။ သခင်လှဖေ ခေါ် ဗိုလ်လကျ်ာဟာ ဒို့ဗမာအစည်းအရုံးကို စတင်တည်ထောင်သူထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံကို ပထမဆုံး စစ်ပညာသွားသင်ခဲ့တဲ့ ၅ ယောက်ထဲမှာ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်တဲ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဖေ့စ်ဘွတ်ပိုစ့်မှာ သခင်လှဖေနဲ့ ပက်သက်ပြီးတော့လည်း သတင်းအမှားရေးသားထားပါတယ်။

    ၎င်း ရေးသားထားတဲ့ စာတွေဟာ အထောက်အထားမခိုင်လုံသလို အချက်အလက်တွေလည်း လွဲနေပါတယ်။ တိုင်းရင်းဆေးဝါး နဲ့ ပက်သက်ပြီး လိုင်စင်လျှောက်ရင်ဖြစ်ဖြစ် စစ်ဆေးစမ်းသပ်မှု ပြုလုပ်တဲ့အခါတွေမှာ ကျန်းမာရေးဝန်ကြီးဌာနအောက်က တိုင်းရင်းဆေးပညာ ဦးစီးဌာနကိုသာ ဆက်သွယ်ရတာ ဖြစ်ပါတယ်။ ဒီ ဖေ့စ်ဘွတ်ပိုစ့်ဟာ တိုင်းရင်းဆေးပညာ ဦးစီးဌာနကို တင်ပြတယ်လို့ မရေးဘဲ သမ္မတရုံးကို တင်ထားတယ်လို့ ရေးထားပုံအရ တိုင်းရင်းဆေးဝါးအကြောင်း သေချာမသိဘဲ သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။

    လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိအချိန်ထိ ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ တရားဝင် အသိအမှတ် ပြုထားတဲ့ ဆေးဝါး မပေါ်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

    ဒါ့ကြောင့် ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ နိုင်တဲ့ ဆေးတွေ ပေါ်လာပြီဆိုတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။


    Tags

    fake newscoronavirus MyanmarWrong Health knowledgefake traditional medicine
    Read Full Article
    Claim :   ကိုရိုနာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ ဆေးတွေ့ပြီဆိုတဲ့သတင်းနဲ့ ပက်သက်ပြီး Boom Myanmar က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန နဲ့ အင်္ဂလန်နိုင်ငံ University Hospital of Wales ဆေးရုံက အကြီးတန်းဆရာဝန် ဒေါက်တာချမ်းသာစိုး ကိုဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!