BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်နက်ချအလင်းဝင်သူတွေကို စိစစ်ဖို့...
သတင်းအတု

လက်နက်ချအလင်းဝင်သူတွေကို စိစစ်ဖို့ KNU က ပြောထားတယ်ဆိုတဲ့ စာအတု

စစ်ကောင်စီတပ်ဘက်က လက်နက်ချအလင်းဝင်ရောက်လာသူတွေဟာ KNU ရဲ့ အခြေအေနကို ထောက်လှမ်းဖို့ ဟန်ဆောင်ဝင်ရောက်လာသူတွေဖြစ်နိုင်လို့ သေချာစီစစ်လက်ခံဖို့ KNU နာမည်နဲ့ ထုတ်ပြန်ထားတဲ့ စာအတုတစ်စောင် ဒီရက်ပိုင်းအတွင်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  8 April 2022 9:38 PM IST
  • လက်နက်ချအလင်းဝင်သူတွေကို စိစစ်ဖို့ KNU က ပြောထားတယ်ဆိုတဲ့ စာအတု

    အဆိုပါ စာကို ရဲရင့်ထက် ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ဧပြီလ ၃ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး KNU က ထုတ်ပြန်ထားတဲ့ စာပုံစံ ပြုလုပ်ထားပြီး ၎င်းစာထဲမှာ စစ်ကောင်စီတပ်တွေဟာ စစ်အင်အားတိုးချဲ့ကာ ထောက်လှမ်းရေးကွန်ယက်တွေကိုလည်း တိုးချဲ့နေကြောင်း၊ ကြားဖြတ်သတင်းတွေအရ စစ်ကောင်စီတပ်ထဲက အားကိုးရတဲ့ အရာရှိတွေကို Spy သဘောမျိုးနဲ့ လက်နက်ချအလင်းဝင်ဟန်ဆောင်ကာ KNU တပ်တွေထံက စခန်းမြေပုံနဲ့ တည်နေရာကို ထောက်လှမ်းပြီး စစ်ကောင်စီတပ်တွေထံ ပေးပို့ဖို့ ညွှန်ကြားလျှက် ရှိကြောင်း၊ လက်ရှိအလင်းဝင်ရောက်လာတဲ့ ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သားဟိန်းမင်းထွေးတို့ဟာ စစ်ကောင်စီထံက သူရဲကောင်းမှတ်တမ်းနဲ့ ချီးကျူးဂုဏ်ပြုမှု ရရှိထားသူများဖြစ်ပြီး အထူးစောင့်ကြည့်ရန်လိုအပ်ကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၇၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိကာ တခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သေချာစိစစ်ဖို့ KNU က စာထုတ်ပြန်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ ပြုပြင်ဖန်တီးထားတဲ့ ကြေညာချက်အတု ဖြစ်တာကို တွေ့ရပါတယ်။

    ကြေညာချက်အတုထဲမှာ ဖော်ပြထားတဲ့ ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်သား ကိုဟိန်းမင်းထွေးတို့ဟာ KNLA ပူးပေါင်းတပ်က ဗိုလ်ဒါဘော ဦးစီးသော Cobra စစ်ကြောင်းကို လက်နက်နဲ့အတူ ပူးပေါင်းခဲ့တာလို့ ဧပြီလ ၂ ရက်နေ့မှာ Cobra Column က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီ ခမရ (၅၈၅) မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် နဲ့ တပ်သား ကိုဟိန်းမင်းထွေးတို့ ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    ဧပြီလ ၃ ရက်နေ့မှာတော့ Cobra စစ်ကြောင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အခုထွက်ပေါ်လာတဲ့ ကြေညာချက်အတုနဲ့ ပတ်သက်ပြီး "လူမှုကွန်ရက်တွင် ယနေ့ နေ့လည်ပိုင်းမှ စတင်ကာ ပျံ့နှံ့လျက်ရှိသော KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကောကရိတ်မြို့နယ် ခေါင်းစဥ်ဖြင့် သတင်းထုတ်ပြန်ချက် အတု စာတစ်စောင် ကို တွေ့ရှိရပါသည်။ အဆိုပါ စာသည် မသမာသူ လူတစ်စုမှ ဖန်တီးထားသော အတုသာ ဖြစ်ပါသည်။ မူရင်းထုတ်ပြန်ချက် (၂/၂၀၂၂) အား ပူးတွဲ ဖော်ပြအပ်ပါသည်" လို့ ထုတ်ပြန်ခဲ့ပါတယ်။

    Cobra Column က ထုတ်ပြန်ခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။




    Tags

    Fake newsFake statementScreeningSurrenderedKNLACobra ColumnMilitaryCoupသတင်းအတုကြေညာချက်အတုစစ်ကောင်စီကော်ဘရာစစ်ကြောင်း
    Read Full Article
    Claim :   စစ်ကောင်စီတပ်ဘက်က လက်နက်ချအလင်းဝင်ရောက်လာသူတွေဟာ KNU ရဲ့ အခြေအေနကို ထောက်လှမ်းဖို့ ဟန်ဆောင်ဝင်ရောက်လာသူတွေဖြစ်နိုင်လို့ သေချာစီစစ်လက်ခံဖို့ KNU ပြော
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!