BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM ဝန်ထမ်းတွေကို...
သတင်းအတု

CDM ဝန်ထမ်းတွေကို လစာတိုးပေးမယ်ဆိုတာမဟုတ်ပါ

NUG နာမည်အသုံးပြုပြီး CDM ဝန်ထမ်းတွေကို လစာတိုးပေးမယ်လို့ ဖြန့်ဝေထားတဲ့ ကြေညာချက်အတု တစ်စောင် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  5 April 2022 8:16 AM IST
  • CDM ဝန်ထမ်းတွေကို လစာတိုးပေးမယ်ဆိုတာမဟုတ်ပါ

    အဆိုပါ ကြေညာချက်အတုကို ဧပြီလ လစန်းရက်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး အဆိုပါ ကြေညာချက်အတုရဲ့ ခေါင်းစဉ်မှာ "ချီးကျူးဂုဏ်ပြုခြင်းနှင့် CDM ဝန်ထမ်းများအား လစာတိုးပေးခြင်း" လို့ ရေးသားထားပါတယ်။ ကြေညာချက်ရဲ့ အတွင်းမှာတော့ "တက္ကသိုလ်ဝင် စာမေးပွဲမဖြေပဲ သပိတ်ေမှောက်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၇ သိန်းကျော်ကို အမျိုးသားညီညွတ်ရေး အစိုးရပညာရေးဝန်ကြီးမှ ချီးကျူးဂုဏ်ပြု အပ်ပါသည်။ CDM ဝန်ထမ်းများအား ဧပြီလမှ စတင်၍ ပင်စင်လစာတိုးပေးသွားမည်။ CDM ဝန်ထမ်းများအား လစာထုတ်ပေးမည့် ဌာနခွဲများအား ပြန်လည် ထုတ်ပြန်သွားမည်။ CDM ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မျက်ကွယ်မပြုပဲ ကြိုးစားဆောင်ရွက်သွားမည်" (မူရင်းဖော်ပြထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ ကြေညာချက်အတုကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG အစိုးရ နာမည်အသုံးပြုပြီး CDM ဝန်ထမ်းတွေကို လစာတိုးပေးတယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ကြေညာချက် အတုဖြစ်တာကို တွေ့ရပါတယ်။

    ဒါ့အပြင် NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ NUG ပညာရေး ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းချက်ထဲမှာ "၂၀၂၂ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ရက်စွဲပါ ချီးကျူးဂုဏ်ပြုခြင်းနှင့် CDM ဝန်ထမ်းများအား လစာတိုးပေးခြင်းဆိုသည့် ခေါင်းစဉ်နှင့် အောက်ပါဓါတ်ပုံတစ်ပုံ facebook သုံးစွဲသူများအကြား ပျံ့နှံ့နေပါတယ်။ ဒီဓါတ်ပုံပါ အကြောင်းအရာတွေဟာ ပုံဖျက်လုပ်ကြံထားတဲ့ သတင်းအမှားသာ ဖြစ်ပါကြောင်း အသိပေး အပ်ပါတယ်" လို့ ရေးသားထားပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး NUG ပညာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။




    Tags

    Fake statementCDMsalaryraisedCoupMilitaryသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ချီးကျူးဂုဏ်ပြုခြင်းနှင့် CDM ဝန်ထမ်းများအား လစာတိုးပေးခြင်း
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!