BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီ...
သတင်းအတု

NLD ပါတီ နာမည်အသုံးပြုပြီးဖြန့်ဝေတဲ့ ထုတ်ပြန်ချက်အတု

NLD ပါတီနာမည်အသုံးပြုပြီး ဖြန့်ဝေထားတဲ့ ထုတ်ပြန်ကြေညာစာ အတုတစ်စောင် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Nov 2021 4:53 PM IST
  • NLD ပါတီ နာမည်အသုံးပြုပြီးဖြန့်ဝေတဲ့ ထုတ်ပြန်ချက်အတု

    အဆိုပါ ကြေညာစာအတုကို စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ပါတီက ထုတ်ပြန်နေကြ အမိန့်စာတွေပုံစံပြုလုပ်ကာ နိုဝင်ဘာလ ၅ ရက်နေ့ နေ့စွဲတပ်ထားပါတယ်။ ၎င်းကြေညာစာရဲ့ အတွင်းမှာတော့ မြောက်ဥက္ကလာပ မြို့နယ်အတွင်း ကျောင်းဆရာမ တစ်ဦး ပစ်ခတ်ခံရမှုကို ဝမ်းနည်းကြေကွဲမိကြောင်း၊ ပညာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်းသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေကြောင်း၊ အဆိုပါ လုပ်ရပ်များသည် ပါတီ၏လမ်းစဉ်များနှင့် ဆန့်ကျင်နေကြောင်း ထိုလုပ်ရပ်များသည် NLD ပါတီနှင့် လုံးဝ မသက်ဆိုင်ကြောင်း အထိုပါ ကြေငြာစာ ထဲမှာ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။အဆိုပါ ကြေညာချက်အတုကို ဖေ့စ်ဘွတ်အကောင့်တစ်ချို့က ကူးယူပြီး လူမှုကွန်ယက်ပေါ်ထပ်ဆင့် ဖြန့်ဝေနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မြောက်ဥက္ကလာပမြို့နယ်က ကျောင်းဆရာမ ပစ်ခတ်ခံရမှုနဲ့ ပက်သတ်ပြီး NLD ပါတီ နာမည်အသုံးပြုကာ ဖြန့်ဝေထားတဲ့ ကြေညာစာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Photoshop နဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြန်တာကို တွေ့ရပါတယ်။

    NLD ပါတီရဲ့ ထုတ်ပြန်ချက်တွေကို ပါတီရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ National League For Democracy ကနေသာ ထုတ်ပြန်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပက်သတ်လို့ ပါတီက တစ်စုံတစ်ရာ မှတ်ချက်ပေးထားတာ မရှိသလို ကြေညာချက် ထုတ်ပြန်ထားတာလည်း မရှိပါဘူး။

    ဒါ့အပြင် ခုနောက်ပိုင်း ပါတီရဲ့ ထုတ်ပြန်ကြေညာချက်တွေရဲ့ ထိပ်ဆုံးမှာ ဆက်သွယ် လို့ရမယ့် Proton mail လိပ်စာ တစ်ခု ကို ထည့်သွင်းလေ့ရှိပါတယ်။ အခုကြေညာစာ အတုဟာ ဟိုးယခင်ပါတီက ထုတ်ပြန်ခဲ့တဲ့ ကြေညာစာ အဟောင်းတစ်ခုကို Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။


    နိုဝင်ဘာလ ၅ ရက်နေ့က NLD ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာစာကို ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ်။



    Tags

    Fake newsfake statementNLD partyPDFCRPHCoupMilitaryသတင်းအတုအာဏာသိမ်းစစ်ကောင်စီကြေညာချက်အတု
    Read Full Article
    Claim :   မြောက်ဥက္ကလာပမြို့နယ်က ကျောင်းဆရာမ ပစ်ခတ်ခံရမှုနဲ့ ပက်သတ်ပြီး NLD ပါတီ နာမည်အသုံးပြုကာ ဖြန့်ဝေထားတဲ့ ကြေညာစာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!